Saturday, February 2, 2013

အစ္စရေးအိမ်ရာများအရေး ကုလသမဂ္ဂ ပြင်းပြင်းထန်ထန်သတိပေး

Ever November | 2/02/2013 03:53:00 PM | Best Blogger Tips

ပါလက်စတိုင်းပိုင် မြေယာများအတွင်း အစ္စရေးတို့၏ တရားမ၀င် အခြေစိုက် အိမ်ရာများ တည်ဆောက်နေမှုများကို ရုပ်သိမ်းသွားရန် ကုလသမဂ္ဂက အစ္စရေးအစိုးရကို ဆင့်ဆိုသတိပေးလိုက်ကြောင်း ဇန်န၀ါရီ ၃၁ ရက်က ပရက်စ်တီဗွီ သတင်းတွင် ဖော်ပြသည်။ အစ္စရေးအနေဖြင့် ဂျီနီဗာကွန်ဗင်းရှင်း၏ အာတီကယ် ၄၅ ကို လိုက်နာရမည်ဖြစ်ကြောင်း၊ ကြိုတင် သဘောတူ သတ်မှတ်ချက်မရှိသည့် အခြေစိုက် အိမ်ရာများ တိုးချဲ့တည်ဆောက်မှုကို ရပ်ဆိုင်းလိုက်ရန် လိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး စစ်ကြောမှုစာတမ်းတွင် ဖော်ပြသည်။ ပါလက်စတိုင်းပိုင် နယ်မြေများအပေါ် အစ္စရေးတို့ တိုးချဲ့တည်ဆောက်နေသည့် အခြေစိုက်အိမ်ရာများကို ချက်ချင်းရုပ်သိမ်းရန် စာတမ်းသတင်းဖော်ပြချက်တွင် ပါရှိသည်။ ထိုစာတမ်းတွင် ဆက်လက်ပါရှိသည်မှာ အစ္စရေးတို့၏ အခြေစိုက်အိမ်ရာများသည် ၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်းနှင့် ဖီလာဆန့်ကျင်နေကြောင်း၊ တစ်ပါးပိုင်မြကို ကျူးကျော်အခြေချခြင်းဖြင့် ပေါက်ကွဲမည့် ပဋိပက္ခများအသွင် ဆောင်နေသော ခြိမ်းခြောက်မှုများပင်ဖြစ်ကြောင်း၊ အစ္စရေးတို့၏ ထိုလုပ်ဆောင်မှုများသည် နိုင်ငံတကာ ရာဇ၀န်မှု ခုံရုံးဖွဲ့၍ တရားစီရင်ရမည့် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းများနှင့် ညီမျှပါကြောင်း ၄င်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1