Saturday, February 2, 2013

အင်ပါယာတေးဂီတအဖွဲ့ ဂျပန်နိုင်ငံမှာ ရံပုံငွေပွဲ ဖျော်ဖြေမယ်

Ever November | 2/02/2013 03:57:00 PM | Best Blogger Tips
 ဂျပန်နိုင်ငံ ကမာကူရ ဘုရားရောက် အင်ပါယာ ၀ိုင်းတော်သားများနှင့် အဆိုတော်များ၊ ဓာတ်ပုံ- ကိုထွန်းဝေ( ဂျပန်)

ဂျပန်သို့ တေးဂီတဖျော်ဖြေရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ က ရောက်ရှိလာတဲ့ အင်ပါယာတေးဂီတ အဖွဲ့ သားတွေဟာ ယနေ့ နံနက်တွင် ကမာကူရဘုရားသို့ ဘုရားဖူးဖို့ ရောက်လာခဲ့ကြပါတယ်။

အဆိုတော် မေဆွိ တဦးတည်းသာ အမေရိကကာကနေ ဂျပန်ကိုလာရောက်ခြင်းဖြစ်ပါတယ်။ 

အခုလို လာရောက်ကြတာဟာ ဂီတ ရံပုံငွေပွဲ တခုအတွက် လာကြတာဖြစ်ပြီး တနင်္သာရီတိုင်း-မြိတ်မြို့နယ်-ဇိဝိတဒါန သံဃာတော်များနှင့် သီလရှင်များကုသိုလ်ဖြစ်ဆေးခန်းရံပုံငွေပွဲ အဖြစ် တီးခတ်ဖျော်ဖြေ ကြ
မှာဖြစ်ပါတယ်။ 

အစီအစဉ်အရ COUNTRY STAR Live in TOKYO Japan STATE SHOW အစီအစဉ် မှာ  ဇော်ဝင်းထွဋ်၊ မေဆွိ၊ မေခလာ၊ ဟေမာနေ၀င်း၊ မီမီဝင်းဖေ တို့ဟာ အင်ပါယာ EMPEROR တေး ဂီတ 
ဖြင့် တွဲဖက်သီဆိုဖျော်ဖြေကြမှာလို့ သိရပါတယ်။ 

Toshima Koukaitou Hall (Ikebukuro Station east exit) မှာ လာမယ့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ညနေ ၅ နာရီကနေ ၉ နာရီအထိ ကျင်းပမှာဖြစ်ပြီး လက်မှတ်တစောင်ကို ဂျပန် ယန်းငွေ ၅၀၀၀ နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။ 

ဒီ ဂီတ ရံပုံငွေတွေနဲ့ ဇီဝိတ ကုသိုလ်ဖြစ်ဆေးရုံကို လှူဒါန်းသွားမှာမို့ အားပေးနိုင်ကြပါတယ်လို့ ကိုထွန်းဝေ ( ဂျပန်) ရဲ့ စာမျက်နှာ မှာ ဖော်ပြထားပါတယ်။ 

  ဆက်သွယ်ရန် ဖုန်း( ဂျပန်) 080 4290 3211-
                                    080 5450 4004 
irrawaddy blog


 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1