Saturday, February 2, 2013

လူတွင်ကျယ် လုပ်ချင်တဲ့ ဂျာနယ်သတင်းထောက် အချို့ လှိုင်သာယာမှာ ရိုက်ခံရ

Ever November | 2/02/2013 03:15:00 PM | Best Blogger Tips
ဖေဖော်ဝါရီ ၁ ရက်ညပိုင်းကစတင်ကာ လှိုင်သာယာမြို့နယ် အောင်ဇေယျတံထားအဆင်း ပီမိုးနင်းလမ်းမကြီးနံဘေး ရှိ Star Light ကုမ္ပဏီပိုင်မြေမှာ လူအုပ်စုလိုက်မြေနေယာ ၀င်ရောက်ဦးယူမြေကွက် ရိုက်မှုများဖြစ်ပွား လျက်ရှိရာ အဆိုပါ နေရာသို့ သတင်းသွားယူသူ တစ်ချို့ကို လူအချို့က သတင်းယူပုံကို မကျေနပ်လို့
ဝိုင်းရိုက်ကြတယ်လို့ သိရပါတယ်။ သတင်းလွတ်လပ်ခွင့် ရလာပြီးတဲ့နောက် ဂျာနယ်သတင်းထောက် အထူးသဖြင့်  နံမည်ကြီး ဂျာနယ်တွေက သတင်းထောက်တွေဟာ  သတင်းထောက် ကျင့်ဝတ်တွေ မလိုက်နာပဲ ရေးချင်တာရေး၊ မေးချင်တာ မေး လုပ်နေပါတယ်။ ကချင်ပြည်နယ် စစ်ပွဲမှာ တပ်မတော် ဘက် ကနေ သတင်းယူခွင့် မပေးတာ ဘာကြောင့်လဲ ဆိုတာကို  လှိုင်သာယာ မှာ သတင်ထောက်တွေ အရိုက်ခံရမှု့က သက်သေပြလိုက်ပြီ၊
လှိုင်သာယာမှာ ဖြစ်ပွားတဲ့ နေရာက  လူတွေကိုင်ထားတာက ၀ါးလုံး ပဲ ရှိတာပဲ၊ ရိုက်ခံရရင် ခေါင်းကွဲရုံပဲ အလွန်ဆုံး ရှိမှာပါ။ ကချင်ပြည်နယ်မှာ က နှစ်ဖက်တပ်တွေက သေနတ် ကိုင်ထားတာပါ၊  ကေအိုင်အေက ကောင်တွေက စည်းမစောင့်ပဲ  သေနတ် နဲ့ ပစ်လိုက်ရင်  အသက် ဘယ်ကနေ ထွက်သွားမှန်းတောင် မသိလိုက်ဘူးဖြစ်သွားပါလိမ့်မယ်။
myanmartharkaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1