Saturday, February 2, 2013

ဗိုလ်ကြီးနေမျိုးဇင်လက်ထိပ်ခပ်ဖမ်းဆီးခံရ

Ever November | 2/02/2013 03:46:00 PM | Best Blogger Tips

ပုဒ် မ ၁၈ ကျူးလွန်သည်ဟု ဆိုကာ ကျနော့်အား ပန်းတနော်မြို့ အထွက် ဗိုလ်မြတ်ထွန်း တံတားထိပ်တွင် ပန်းတနော် စခန်းမှူး ကျော်အေးထူး က လက်ထိပ်ခတ်ကာ ဖမ်းဆီး ပြီး သုံးမိုင်ခန့် ဝေးသည့် ပန်းတနော်မြို့နယ် ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၈ ရက် နေ့ က ကျနော် သွားရောက်ခဲ့သော သရက်နှစ်ပင်ကျေးရွာနှင့် အောက် ကန်စင်းကုန်း ကျေးရွာတို့တွင် ခွင့်ပြုချက် မရပဲ လူထု အား စကားပြောဆိုခဲ့မှုနှင့် ယနေ့ ကျင်းပ ပြုလုပ်သော လွှတ်တော် ဥက္ကဌကြီး သရေစည်သူ ဦးဆန်းဆင့်အား လက်ရှိ နေရာမှ မပြောင်းရွေ့ပဲ ဧရာဝတီတိုင်း ဒေသကြီးပြည်သူတို့ အကျိုးစီးပွားကို ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း လူထု စုပေါင်း ဆန္ဒ ဖေါ်ထုတ်ပွဲတွင် ခွင့်ပြုချက် မရပဲ ပြုလုပ်ခဲ့သည့် အကြောင်းများကို လက်ထိပ် တန်းလန်းဖြင့် တစ်နာရီကျော်ခန့် ထားပြီး စစ်မေးပါသည်။

မြို့နယ်မှူး ဒုရဲမှူး ၀င်းမြင့်ထူး ကိုယ်တိုင် အနီးကပ် ကွပ်ကဲပြီး စစ်ဆေးမေးမြန်းစေသည်။

ပုဒ်မ ၁၈ ကျူးလွန်သည့် ကျနော်ကို ခံဝန်ဖြင့် သော်လည်းကောင်း ၊ အာမခံသူဖြင့် သော်လည်းကောင်း ပြန်လွှတ်ပေးနိုင်သည် ၊ အာမခံ ယူမည်လား မေးသည်။ ကျနော်က မယူလို။ ခံဝန်လက်မှတ် ရေးထိုးပါ ဆိုသည် ကျနော်က မထိုး။ ၂၄ နာရီ ချုပ်နှောင်ထားပိုင်ခွင့် ရှိသည်ဟု ဆိုသည်။ ကျနော်ကလည်း အချုပ်ထဲ ၀င်ရန် အသင့်။ အခြေ အတင် တင်းမာမှုဖြစ်သည်။

သူတို့ ရဲတပ်ဖွဲ့ က လုပ်ပိုင်ခွင့်ထက်ပိုသော ၀ရမ်းမပါ။ ဗလာချည်ဖြင့် ကျနော့်ကို လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး၊ ပုဒ် မ ၁၈ ဟု အတင်းစွပ်စွဲကာ ကျနေိာ့ကိုဖမ်းဆီးခြင်း အတွက် ရဲတပ်ဖွဲ့ လုပ်ဆောင်ချက် မှန်ကန်သည်ဆိုလျှင် ဖမ်းဆီးထားနိုင်သည်။ ကျနော်ကတော့ ခံဝန်လည်း မထိုး၊ အာမခံမည့်သူလည်း လက်ခံမည် မဟုတ်။ ဟု ဆိုသည်။

ဖုန်းများ တရစပ် ၀င်လာသည်။ ရဲမှူးနှင့် စခန်းမှူး တို့ တိုးတိုး တိုးတိုးဖြင့် အကြာကြီးများ ပြောကြသည်။ ရဲ စခန်းတွင် ကျနော် တနာရီခန့် ကြာလာပြီ လက်ထိပ်က မဖြုတ်ပေးသေ။

မကြာမှီ မြို့နယ် မှူးဝင်လာပြီး ပြန်လွှတ်ပေးလိုက်သော တင်းမာသော နှဖူးကြောကြီးများ၊ မျက်ဝန်းဒေါသကြီးများဖြင့် လာပြောသည်။ မိထားသော အမဲ တကောင် လွတ်လေပြီလား။။

ကျနော်က အပြစ်ရှိတယ် ဆိုလျှင် အရေးယူပါ။ အပြစ်မရှိလို့ ပြန်လွတ်မယ် ဆိုလည်း သုံးမိုင် အကွာအဝေးတွင် ထားခဲ့ရသည့် ( ရန်ကုန်မှ ကျနော် ငှားယူ မောင်းနှင်လာသည့် ဂျစ်ကားဟောင်းလေးဆီ) ပြန်လိုက်ပို့ပေးရန် တောင်းဆိုသည်။

ရဲမြို့နယ်မှူးက မင်းဟာမင်း ကြိုက်သလိုပြန် လိုက်မပို့နိုင်ဟု ဆိုသည်။

သခင် အားရ ကျွန်ပါုးဝ သော မျက်နှာပေးဖြင့် စခန်းမှူးက မင်းဟာမင်း လေးဘက် ထောက်ပြီး ပြန်။ လိုက်မပို့နိုင်ဟု ဆိုသည်။

ပြည်ထဲ ရေး ၀န်ကြီးဌာန လက်အောက် ခံမြန်မာနိုင်ငံ ရဲတပ်ဖွဲု့ဧ။် မူလ စရိုက်များ ပီပြင်အောင် ဖေါ်ပြတော့သည်။

ကျနော်က လိုက် မပို့လျှင် မပြန်နိုင်ကြောင်း ရဲစခန်း ဂိတ် အနီးတွင်ပင် ထိုင်နေရာ ၊ ရဲအင်အားများဖြင့် အင်အားသုံး ဆွဲမ ထုတ်ရန် မြို့နယ်မှူး က အမိန့်ပေးသည်။

ရဲ ခြောက်ယောက်ခန့်က ကျနော်ကို ဆွဲမက ရဲစခန်း အပြင်ပသို့ ပစ်ချသည်။

ကျနော်က လက်ကောက်ဝတ်မှ လက်ထိပ်ရာကို ပြ ရင်း မပြန်နိုင်ကြောင်း စခန်း အရှေ့ တွင်ပင် အိပ်မည့် အကြောင်း ပြောသည်။

ဒေါသ အလွန် ထွက်နေသော မြို့နယ်မှူးက ကား ထုတ်ရန် အမိန့်ပေးပြီး ဖမ်းခေါ်လာရာ ဗိုလ်မြတ်ထွန်း တံတား သို့ ပြန်လိုက်ပို့ရန် ဒေါသများဖြင့် ဆဲဆို အမိန့်ပေးသည်။

ဗိုလ်မြတ်ထွန်း တံတားနားသို့ ရောက်လာသည်။ ကျနော်တို့ လယ်သမား များ အဖွဲ့က ကျနော့် တို့ ဂျစ်ကားလေးကို ရွေ့မောင်း ယူထားသည်ကို တွေ့ရသည်။ မိုင်တိုင်အမှတ် ၄၆ ငါးဖါလုံ တွင် ကားရပ်ရန် ကျနော်က ပြောသော အခါ လိုက်ပို့သည့် စခန်းမှူးက ရပ်မပေးနိုင် အတင်းဆက်မောင်းရန် ပြောသည်။ ကျနော်က ဒါဆို ကျမ်းမာရေး အရ ကျူပ် ဆီးသွားချင်လို့ ခွင့်တောင်းတယ်။ ရပ်ပေးပါ ဆိုလည်း မရပ်ပေးပဲ စွတ်မောင်းရန်သာ အမိန့်ပေးသည်။

သို့ဖြင့် ကျနော်က ဘောင်းဘီး ဇစ်ကို ချွတ်ပြီး သူ့ ကျောပြင်ပေါ် ဆီးစွန့်ရန် ဟန်ပြင်တော့မှ ကားကို ရပ်ပေးလေတော့သတည်။

ယခု ရန်ကုန်သို့ ပြန်လာနေပါပြီ။ မနက်ဖြန် မြင်ကွင်း အားလုံးကို အသေးစိတ် ပြန်လည် တင်ပြပါမည်။

နေမျိုးဇင်

moethihaaung blog

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1