Saturday, February 2, 2013

ပရီးမီးယားလိဂ်နှင့် မန်စီးတီး ပရိသတ်များမှ လွဲ၍ မန်ချက်စတာမြို့ကို လွမ်းနေမည် မဟုတ်ဟု ဘာလော့တယ်လီဆို

Ever November | 2/02/2013 03:08:00 PM | Best Blogger Tips

မန်ချက်စတာမြို့ပတ်ဝန်းကျင်တွင်စိတ်ပျက်စရာအများအပြားရှိသော်လည်းကမ္ဘာ့အကောင်းဆုံး ဘောလုံး
ပြိုင်ပွဲနှင့် မန်ချက်စတာ စီးတီး ပရိသတ်များကိုမူ မိမိ လွမ်းဆွတ်နေမိမည်ဟု မာရီယို ဘာလော့တယ်လီက ဖွင့်ဟခဲ့သည်။
အသက်(၂၂)နှစ်ရှိ အီတလီ လက်ရွေးစင် တိုက်စစ်မှူးသည် ဆောင်းရာသီ ဈေးကွက် ကာလအတွင်းက အီတလီ စီးရီးအေ ထိပ်သီး အေစီမီလန်သို့ ပြောင်းရွှေ့ခဲ့သည်။ ဘာလော့တယ်လီက မိမိသည် မန်ချက်စတာမြို့တွင် မည်သည့်အခါကမျှ အထိုင် မကျခဲ့သော်လည်း (၂)နှစ်ခွဲမျှ ကာလအတွင်း အဆင်ပြေနိုင်သမျှ ပြေစေရန် မန်နေဂျာ ရောဘတ်တို မန်စီနီက ထောက်ပံ့ ကူညီခဲ့ကြောင်းလည်း ကျေးဇူးစကား ဆိုခဲ့သည်။ သို့သော်လည်း မန်ချက်စတာမြို့၏ ရာသီဥတု၊ အစားအသောက်စသော အခြေအနေများမှာ စိတ်ပျက်စရာ အလွန်ကောင်းကြောင်း ၎င်းက ဝေဖန်သွားသည်။
"အသင်းပြောင်းခဲ့တာ ဘယ်တော့မှ နောင်တမရပါဘူး။ ဒါပေမဲ့ မန်စီးတီး ပရိသတ်တွေက ကျွန်တော့်အပေါ် သိပ်ကို ကောင်းခဲ့တယ် ဆိုတာ အလေးအနက် ပြောချင်ပါတယ်။ အဆိုးဆုံး အချိန်တွေမှာတောင် သူတို့ ကောင်းကောင်း ထောက်ခံခဲ့ကြတယ်။ မန်စီနီကိုလည်း ကျေးဇူးတင်ပါတယ်။ သူက ကျွန်တော့်ကို အများကြီး ကူညီခဲ့သူပါ။ ပရီးမီးယားလိဂ်ကို ကျွန်တော် လွမ်းနေပါမယ်။ အဲဒီပြိုင်ပွဲဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ပြိုင်ပွဲတစ်ခု ဖြစ်သလို လူတွေကလည်း အရမ်း နှစ်နှစ်ကာကာ အားပေးတတ်ကြတယ်လေ"ဟု ဘာလော့တယ်လီက ဆိုသည်။

၎င်းက မန်ချက်စတာမြို့နှင့် ပတ်သက်ပြီး စိတ်ပျက်မိသော အကြောင်းအရာများနှင့် ပတ်သက်၍ "ကျွန်တော် ပြန်မတွေးချင်ဆုံး အရာတွေကတော့ အဲဒီက အစားအသောက်၊ ရာသီဥတုနဲ့ နေရာတိုင်း ကြုံနေရတဲ့ယာဉ်ကြောပိတ်ဆို့မှုတွေပါပဲ။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်"ဟုလည်း ပြောကြား
သွားသည်။  
Ref: Daily Mail
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1