Saturday, February 2, 2013

ဖူလ်ဟမ်နှင့် ပွဲတွင် မန်ယူ အနေဖြင့် ပေါ့ဆ၍ မရကြောင်း ဖာဂူဆန် သတိပေး

Ever November | 2/02/2013 02:38:00 PM | Best Blogger Tips

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ဖူလ်ဟမ်နှင့် ပွဲတွင် အသင်းသားများ အနေဖြင့် ပေါ့ဆမှု မရှိရန် လိုအပ်ကြောင်း သတိပေး ပြောဆိုလိုက်သည်။
မန်ယူသည် လတ်တလောတွင် ပရီးမီးယားလိဂ်၌ (၇)မှတ်ဖြတ် ဦးဆောင်နေပြီး စနေနေ့တွင် ဖူလ်ဟမ်ကို ကရေဗင် ကော့တေ့ဂ်ျတွင် သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။ မန်ယူသည် FAဖလား ပွဲစဉ်တွင် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ ဖူလ်ဟမ်ကို (၄-၁)ဖြင့် ပြတ်ပြတ်သားသား အနိုင် ရရှိထားသည်။ ထိုပွဲတွင် ခြေစွမ်း ကွာဟမှုကြောင့် ဖူလ်ဟမ် မန်နေဂျာ မာတင်ဂျိုးလ် ကိုယ်တိုင်က မန်ယူကို (၄)ဂိုးသာ ပေးရခြင်းမှာ အလွန်ကံကောင်းကြောင်း ဖွင့်ဟခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ဖူလ်ဟမ်ကွင်း၌ ပေါ့လျော့၍ မရသလို ပရီးမီးယားလိဂ်တွင် အသင်းတိုင်း အဆိပ်ရှိကြောင်း ဖာဂူဆန်က ထောက်ပြခဲ့သည်။
"ဗုဒ္ဓဟူးနေ့က ကျွန်တော်တို့ အိမ်ကွင်းမှာ ဆောက်သမ်တန်က ဘယ်လို အားထုတ်မှုမျိုးနဲ့ ကစားသွားသလဲ ဆိုတာ အားလုံး အမြင်ပါ။ ဒီအချက်က ကျွန်တော်တို့ အနေနဲ့ (၃)မှတ်ရဖို့ အသင်းတိုင်းကို ခက်ခက်ခဲခဲ ကစားရနိုင်တယ် ဆိုတဲ့ သဘောပါပဲ။ မနှစ်ကဆို ကျွန်တော်တို့ အိမ်ကွင်းမှာ ဘလက်ဘန်း ရိုဗာကို ရှုံးခဲ့တာ ဥပမာကောင်းပါ။ အဲဒီရလဒ်က ချန်ပီယံဆု အတွက်ပါ ထိခိုက်မှု ဖြစ်စေခဲ့တယ်။ ဖူလ်ဟမ်နဲ့ ပွဲမှာ ကျွန်တော့် ချာတိတ်တွေ မပေါ့ဆဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဆောက်သမ်တန်နဲ့ ပွဲကို ပြန်ပြီး အမှတ်ရနေဖို့ လိုတယ်လေ"ဟု ဖာဂူဆန်က ဆိုသည်။

၎င်းက ဖူလ်ဟမ်နှင့် ပတ်သက်ပြီး "ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ သူတို့အသင်းရဲ့ အိမ်ကွင်း ဖြတ်သန်းမှုက အံ့မခန်း ရလဒ်တွေပါ။ ခုပွဲမှာ ကျွန်တော်တို့ မျှော်လင့်တဲ့ ရလဒ်ကို ပိုင်ဆိုင်ဖို့တော့ မျှော်လင့်ပါတယ်။ ခုချိန်မှာ ကစားသမျှ ပွဲတိုင်းက ကျွန်တော်တို့အတွက် အရမ်းကို အရေးပါလာပါပြီ"ဟု ပြောကြားသွားသည်။  
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1