Friday, March 8, 2013

နိုင်ငံသားများအပေါ် တိုက်ခိုက်ခြင်းဆိုင်ရာ ဥပဒေ ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂေါ်ဘာချော့ဗ်ရှုတ်ချ

Ever November | 3/08/2013 03:18:00 PM | Best Blogger Tips

ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီးခေးလ်ဂေါ်ဘာချော့ဗ်က နိုင်ငံသားများအပေါ် တိုက်ခိုက်နိုင်သည့် အခွင့်အလမ်း ဆိုင်ရာ ဥပဒေသစ်တစ်ရပ် ရုရှား၌ ပြဌာန်းခဲ့ခြင်းကို ပြစ်တင်ရှုတ်ချလိုက်သည်။ သမ္မတ ဗလာဒီမာပူတင် အနေဖြင့် ကိုယ့်ပြည်သူများအပေါ် စိုးရိမ်ကြောင့်ကြမှု မရှိသင့်ကြောင်းလည်း ဂေါ်ဘာချော့ဗ်က ဝေဖန်ခဲ့ကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောကြားသည်။ မစ္စတာပူတင်၏ အ၀န်းအ၀ိုင်းအတွင်း ခိုးသူများ၊ လာဘ်စားသူများနှင့် ပြည့်နှက်နေကြောင်းလည်း မစ္စတာဂေါ်ဘာချော့ဗ်က ဝေဖန်လိုက်သည်။ သမ္မတ ပူတင်သည် ၂၀၁၂ ခုနှစ် မေလက တတိယ သက်တမ်းအတွက် ကရင်မလင်သို့ ပြန်လာပြီးနောက် ဆိုဗီယက်ခေတ်လွန် ရုရှားနိုင်ငံ၌ အဆိုးရွားဆုံး နိုင်ငံရေးအခြေအနေဖြစ်အောင် ဖန်တီးနေကြောင်း ဇန်န၀ါရီလတွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က စွပ်စွဲပြောဆိုလိုက်သည်။ ၂၀၁၁ ဒီဇင်ဘာလအတွင်း အငြင်းပွားဖွယ် ပါလီမန်ရွေးကောက်ပွဲပြီးနောက် မော်စကိုနှင့် မြို့ကြီးများ၌ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုစတင်ခဲ့ပြီး အတိုက်အခံ ခေါင်းဆောင်များကို ဖမ်းဆီးခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1