Friday, March 8, 2013

ပု၍၀သော ယာဉ်ထိန်းရဲအရာရှိများအား ဟနွိုင်း၌ တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်

Ever November | 3/08/2013 03:27:00 PM | Best Blogger Tips

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်း၌ တာဝန်ထမ်းဆောင်နေသည့် အရပ်ပုပြီး ၀သော  ယာဉ်ထိန်းရဲ အရာရှိများအား တာဝန်ထမ်းဆောင်ခြင်းမှ ပိတ်ပင်မည်ဖြစ်ကြောင်း မတ် ၆ ရက်က ဘီဘီစီ သတင်းတစ်ရပ်တွင် ဖော်ပြသည်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ယာဉ်ထိန်းလုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ တာဝန်ထမ်းဆောင်နေသော ယာဉ်ထိန်းရဲ အရာရှိများအား ကောင်းမွန်စွာ တာဝန်ထမ်းဆောင်ခြင်း ရှိ၊ မရှိကိုလည်း စုံစမ်းစစ်ဆေးရေးမှူးများက စစ်ဆေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသားဖော်ပြသည်။ နိုင်ငံတချို့တွင် မကြာသေးသည့်နှစ်များက အ၀လွန်သည့် ရဲများအား အရေးယူဆောင်ရွက်နေပြီဟု သိရသည်။ ယာဉ်ထိန်းရဲများသည် လာဘ်စားမှုများပြားလာ၍ အ၀လွန်မှု ဖြစ်နေရကြောင်း သတင်းတွင် ဖော်ပြသည်။ အလွန် ၀လွန်းသဖြင့် မသွားနိုင်မလာနိုင်ဖြစ်ပြီး လူထုနှင့် ဆက်ဆံရာတွင် အခက်အခဲကြုံတွေ့နေရသဖြင့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ရန် လိုအပ်ကြောင်း ယာဉ်ထိန်းရဲ အရာရှိချုပ်က ဆိုသည်။ ၂၀၁၁ ခုနှစ်က ဗီယက်နမ်နိုင်ငံတွင် ရဲအရာရှိများအား နေကာမျက်မှန်တပ်ခြင်းနှင့် သစ်ပင်ကွယ်၍ မော်တော်ဆိုင်ကယ်နှင့် ကားများအား ချောင်းမြောင်းဖမ်းဆီးခြင်းကိုလည်း ပိတ်ပင်ခဲ့သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1