Friday, March 8, 2013

ဒီချုပ်ညီလာခံပထမနေ့သို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်နိုင်

Ever November | 3/08/2013 03:15:00 PM | Best Blogger Tips

မတ်လ ၈ ရက်နေ့၊ ၂၀၁၃ ခုနှစ် ဒီချုပ် ညီလာခံ ပထမနေ့အဖြစ် တော်ဝင်
နှင်းဆီ၌ ကျင်းပသော်လည်း ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ တက်ရောက်နိုင်ခြင်း မရှိကြောင်း သိရှိရသည်။

`ပြည်သူ့လွှတ်တော်တက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကတော့ စနေနေ့မှ တက်ရောက်ပါမယ်။ ဒီနေ့တော့ တက်ရောက်နိုင်မှာ မဟုတ် ပါဘူး`ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦ
းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်အစည်းအဝေးရှိနေသောကြောင့် အန်အယ်ဒီညီလာခံကို မတ်လ ၉ ရက်၊ ညီလာခံဒုတိယနေ့မှ တက်ရောက်နိုင်မည် ဖြစ်ကြောင်းကိုလည်း သိရသည်။

ညီလာခံပထမနေ့အခမ်းအနားအား နံနက် ၉နာရီတွင် စတင်ခဲ့ပြီး နာယက ဦးတင်ဦး၊ ဦးဝင်းတင် စသည့် နာယက ကြီးများနှင့် ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ပြည်နယ်နှင့်တိုင်းများမှ ဗဟိုညီလာခံ ကိုယ်စားလှယ်ပေါင်း ၈၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ၊ အခမ်းအနားအဖွင့် မိန့်ခွန်းကို နာယကကြီး ဦးတင်ဦးက ပြောကြားခဲ့သည်။

အဖွင့်မိန့်ခွန်းတွင် ပါတီစည်းလုံးရေးမပျက်ပြားရန် လိုအပ်ကြောင်းကို အဓိကထားပြီး ပြောကြားသွားသည်ဟု အန်အယ်ဒီပါတီ၊ ဗဟိုညီလာခံ ကိုယ်စားလှယ်တစ်ဦးကဆိုသည်။

ညီလာခံ ပထမအဆင့်အနေဖြင့် ဗဟိုကော်မတီဝင်များ(CC) ၁၂၀ ဦးနှင့် အရံ ၃၀ ဦးကို မတ်လ ၈ ရက်နေ့၌ ရွေးချယ်မည်ဖြစ်ပြီး ဗဟိုအလုပ် အမှုဆောင်
အဖွဲ့(CEC)အား မတ်လ ၉ ရက်နေ့ တွင် ရွေးချယ်သွားမည်ဖြစ်သည်။

`ညီလာခံမှာတော့ပါတီရဲ့ စီစီတွေနဲ့ စီအီးစီတွေကို ရွေးကြမှာဖြစ်ပြီး၊ ပါတီရဲ့ မူဝါဒ ပိုင်းကိုလည်း ဦးစားပေးဆောင်ရွက်ကြမယ်လို့တော့ ခန့်မှန်း
မိပါတယ်`ဟု ဗဟိုညီလာခံကိုယ်စားလှယ်တစ်ဦးက ၄င်း၏အမြင်ကို
ပြောသည်။

Myit Makha Mediagroup

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1