Friday, March 8, 2013

အနာဂတ်ကို မစဉ်းစား လိုသေးဟု စတုတ်ခ် ဂိုးသမား ဘီဂိုဗစ်ဆို

Ever November | 3/08/2013 03:11:00 PM | Best Blogger Tips

စတုတ်ခ်စီးတီး အသင်း၏ ဂိုးသမား အက်စ်မာ ဘီဂိုဗစ်က ၎င်း၏ အနာဂတ်နှင့် ပတ်သက်ပြီး အမျိုးမျိုး ထင်ကြေး ပေးနေမှုများ အတွက် မဆွေးနွေးလိုသေးကြောင်း ပြောကြားလိုက်သည်။
ရာသီကုန်တွင် ဘာမင်ဂမ် စီးတီး အသင်းမှ လူငယ်ဂိုးသမား ဂျက်ဘတ္တလန် စတုတ်ခ်သို့ ရောက်လာမည်ဖြစ်ရာ အဆိုပါ ဘော့စ်နီးယား လက်ရွေးစင် ဂိုးသမားသည် အသင်းမှ ထွက်ခွာဖြစ်ဖွယ် ရှိနေကြောင်း ဇန်နဝါရီလက ကိုယ်တိုင် ဝန်ခံခဲ့ဖူးသည်။ ၎င်းကို မန်ချက်စတာ ယူနိုက်တက် အသင်းက စိတ်ဝင်စားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ငြိမ်သက်သွားခဲ့သည်။ သို့သော်လည်း ရာသီကုန်တွင်မူ ဘီဂိုဗစ်သည် အသင်းပြောင်းရန် အခြေအနေ ရှိနေဆဲ ဖြစ်သလို ၎င်းက ယင်းနှင့် ပတ်သက်ပြီး မေးမြန်းမှုများအား လောလောဆယ် မဖြေလိုသေးကြောင်း ပြောဆိုသွားသည်။
အသက်(၂၅)နှစ် ရှိပြီဖြစ်ပြီး ပရီးမီးယားလိဂ်၏ လက်စွမ်း အတည်ငြိမ်ဆုံး ဂိုးသမားတစ်ဦးအဖြစ် ရပ်တည်နေသည့် ဘီဂိုဗစ်က စတုတ်ခ်အသင်း အတွက်သာ အာရုံစိုက် ကစားပေးနေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပြီး "ကျွန်တော် ကြားမိတဲ့ သတင်းတချို့က သိပ်ကောင်းတယ် ဆိုတာကို ကျွန်တော် ဝန်ခံရပါမယ်။ တကယ်တော့လည်း သူများတွေ ပြောတာကို နားထောင်ရတယ်ဆိုတာ အမြဲလိုလို ကောင်းမွန်တဲ့ အရာ တစ်ခုပါ။ ဒီအချက်က ကျွန်တော့် လက်စွမ်း ကောင်းနေတယ် ဆိုတာကို ညွှန်ပြတယ်လေ။ ဒါပေမဲ့ လောလောဆယ် ကျွန်တော် ထင်ကြေးတွေအကြောင်း မဆွေးနွေးချင်သေးပါဘူး။ ကျွန်တော် လောလောဆယ် စတုတ်ခ် အတွက်ပဲ တွေးပါတယ်။ ခုချိန်မှာ ကျွန်တော့် ကလပ်နဲ့ လက်ရွေးစင် အသင်းအတွက်ပဲ လုပ်နိုင်စွမ်း ရှိသလောက် လုပ်ပြဖို့ ကျွန်တော် စိတ်ကူး ထားပါတယ်" ဟု ဖွင့်ဟသွားသည်။  
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1