Sunday, May 5, 2013

3G ဆိုတာကတော့

Ever November | 5/05/2013 08:27:00 AM | Best Blogger Tips
3G ဆိုတာကတော့ GSM စနစ်တွေရဲ့မွေးဖွားမှုသမိုင်းမှာ GSM Third Generation လို့ သတ်မှတ်ခေါ်ဆိုထားတဲ့ အမည်တစ်ခုပဲဖြစ်ပါတယ်။ 
GSM ဖုန်းတွေကို Generation အလိုက် ခေါ်ဆိုသတ်မှတ်ကြတဲ့အတွက် second generation ကို 2G လို့ခေါ်ပြီး၊Thrid Generationကို 3G လို့တာဖြစ်ပါတယ်။ GSM မိုဘိုင်းဖုန်းစနစ်ရဲ့ 3G စနစ်ကိုစတင်ခဲ့တာပာာ UMTS ဆိုတဲ့ စနစ်ကို စတင်သတ်မှတ်ခဲ့တာဖြစ်ပြီးတော့ 3G စနစ်ထဲမှာပါဝင်တာတွေကတော့ UMTS, WCDMA, HSDPA, HSUPA, HSCSD ဆိုတဲ့ စနစ်တွေပါဝင်နေပါတယ်။ ဒီစနစ်တွေအားလုံးပာာ3G စနစ်မှာအသုံးပြုနိုင်တဲ့ စနစ်တွေဖြစ်ပါတယ်။ ဒီစနစ်တွေထဲကမှ UMTS ဆိုတဲ့စနစ်ပာာ Per 3G လို့လည်းခေါ်ဆိုနိုင်မှာဖြစ်ပြီး 3G ရဲ့အစပိုင်း ကန်နဦးစနစ်တစ်ခုလည်းဖြစ်ပါတယ်။ UMTS ဆိုတဲ့စကားလုံးအရှည်ကောက်ကတော့ Universal Mobile Telecommunication System ဘဲဖြစ်ပါတယ်။

ဒီစနစ်မှာတော့ Speed နှုန်းထားက 2Mbps ဘဲရရှိပါတယ်။ Network Speed နည်းသေးတယ်လို့ ဆိုနိုင်ပါတယ်၊ဘာကြောင့်လည်းဆိုတော့အခုလက်ရှိ 3G ရဲ့ network speed က 14.4Mbps အထိရှိနေလို့ဖြစ်ပါတယ်၊ Universal Mobile Telecommunication System က Per အဆင့်လောက်ဘဲ ရှိတဲ့ 3G ဖြစ်နေလို့ပါ၊အဲဒီနောက် Wide Code Devision Multiple Access ဆိုတဲ့ WCDMA 3Gစနစ်တစ်ခုပေါ်လာပါတယ်၊ဒါအပြင် HSDPA ဆိုတဲ့( HighSpeed Downlink Packet Access) အင်တာနက်အသုံးပြု နိုင်တဲ့စနစ်လည်းပေါ်လာသေးပါတယ်၊ HSDPA ပာာလည်း 3G စနစ်ဘဲဖြစ်ပါတယ်။

သူ့ရဲ့ downlink speed ပာာ 10Mbps အထိရရှိနိုင်တာမို့ အမြန်နှုန်းကောင်းတဲ့ စနစ်တစ်ခု လို့လည်းဆိုနိုင်ပါတယ်၊နောက်စနစ်တစ်ခုကတော့ HSUPA (High Speed Uplink Packet Access) ဆိုတဲ့စနစ်ပါ ဒီစနစ်ကတော့ အင်တာနက်အသုံးပြုရာမှာ downlink တင်မက uplink ပါအသုံးပြုနိုင် မှာဖြစ်ပါ တယ်၊ Uplink စနစ်အတွက် Speed က 2Mbps အထိရရှိပါတယ်။ နောက်တစ်ခု ကတော့HSCSD (High Speed Circuit Switch Data)လို့ခေါ်တဲ့စနစ်ပါ၊ 3G တွေထဲမှာတော့ အကောင်းဆုံး စနစ်တစ်ခုပါ၊ဒီစနစ်က Channel တွေအများကြီးပေါ်ကData တွေကို အနှံ့အပြား သွားလာနိုင်တဲ့စနစ်ဖြစ်ပါတယ်။

Credit : ကိုထွန်း(http://www.myanmarengineer.org/)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1