Sunday, May 5, 2013

အမေရိကန် လူလတ်ပိုင်းများ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်မားလာ

Ever November | 5/05/2013 08:14:00 AM | Best Blogger Tips

အမေရိကန် လူလတ်ပိုင်းများအကြား ကိုယ့်ကိုယ်ကို သတ်သေမှု ၂၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်မားလာနေကြောင်း ဖက်ဒရယ် အစီရင်ခံစာတစ်ရပ်၌ ဖော်ပြထားသည်။ အသက် ၃၅ နှစ်မှ ၆၄ နှစ်အတွင်းရှိ အမေရိကန် လူမျိုး အမျိုးသား အမျိုးသမီးများ၏ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်းသည် ၁၉၉၉ ခုနှစ်က လူ ၁ သိန်းလျှင် ၁၃ ဒသမ ၇ ရာခိုင်နှုန်းရှိရာမှ ၂၀၁၀ ခုနှစ်တွင် ၁၇ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးလာကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေး ဗဟိုဌာန (စီဒီစီ)က မေ ၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။ ယင်းကဲ့သို့ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်မားလာခြင်းသည် စီးပွားရေး ကျဆင်းမှု၏ အဓိကအချက်ဖြစ်ကြောင်း ၄င်းအစီရင်ခံစာက ဖော်ပြသည်။ စီဒီစီက ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အမျိုးသားစာရင်းအင်း စနစ်ကို အခြေခံ၍ စိတ်ပိုင်းဆိုင်ရာ ခံဏာမှုကြောင့် သေဆုံးရသူများ၏ စာရင်းကို ကောက်ယူခဲ့ရာ ကိုယ့်ကိုယ်ကို သတ်သေမှုတွင် အမျိုးသားများက ၂၇ ဒသမ ၃ ရာခိုင်နှုန်းနှင့် အမျိုးသမီးများက ၃၁ ဒသမ ၅ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ ကိုယ့်ကိုယ်ကို သတ်သေရာတွင် အများအားဖြင့် သေနတ်ဖြင့် ကိုယ့်ကိုယ်ကို ပစ်သတ်ခြင်း၊ အဆိပ်သောက်သေခြင်းနှင့် ကြိုးဆွဲချသေခြင်းတို့ဖြစ်ကြောင်း ၄င်းအစီရင်ခံစာက ဖော်ပြသည်။ 
(ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1