Sunday, May 5, 2013

ဗင်နီဇွဲလားသမ္မတ ရွေးကောက်ပွဲရလဒ် ပြန်ရုပ်သိမ်းရန် အတိုက်အခံခေါင်းဆောင် တောင်းဆို

Ever November | 5/05/2013 08:26:00 AM | Best Blogger Tips

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟင်ရီကွီးကာ ပရီလက်စ်က ပြီးခဲ့သည့်လ သမ္မတရွေးကောက်ပွဲ ရလဒ်အပေါ် တရားဝင် စိန်ခေါ်လိုက်ပြီဖြစ်သည်။ နီကိုလတ်မာဒူရိုသည် ရွေးကောက်ပွဲရလဒ် ၁ ဒသမ ၄၉ ရာခိုင်နှုန်းဖြင့် နှာတစ်ဖျားကပ်နိုင်သွားခြင်းဖြစ်သည်။ သို့သော်လည်း အတိုက်အခံ ကိုယ်စားပြု ရှေ့နေများက တရားရုံးချုပ်သို့ ရွေးကောက်ပွဲ မသမာမှုများရှိ၍ ယင်းရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပေးရန် ဆော်သြလိုက်သည်။ မစ္စတာမာဒူရိုကမူ ယင်းရွေးကောက်ပွဲသည် တရားမျှတမှုရှိကြောင်း ပြောကြားလိုက်သည်။ မာဒူရိုသည် ၁၄ နှစ်ကြာ အာဏာရယူထားသော သမ္မတ ဟူဂိုချာဗက်ဇ် မတ် ၅ ရက်က ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီးသည့်နောက် ၄င်း၏ နေရာတွင် ဆက်ခံခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၄ ရက် ရွေးကောက်ပွဲ မဲရုံပိတ်ချိန်တွင် အာဏာပိုင်များက မာဒူရိုအနိုင်ရကြောင်း ကြေညာခဲ့သည်။ ၄င်းသည် ငါးရက်အကြာတွင် ဗင်နီဇွဲလားသမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ မစ္စတာ ကာပရီလက်စ်က ယင်းရွေးကောက်ပွဲရလဒ်ကို ရှုတ်ချလိုက်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပရန် တောင်းဆိုလိုက်သည်။ 
(ဆင်ဟွာ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1