Sunday, May 5, 2013

နျူကလီးယားရေငုပ်သင်္ဘော အစင်း ၄၀ ရုရှားပိုင်ဆိုင်

Ever November | 5/05/2013 08:10:00 AM | Best Blogger Tips

ရုရှားရေတပ်သည် လတ်တလော ပြုပြင်မွမ်းမံဆဲ နျူကလီးယား ရေငုပ်သဘော သုံးစင်းကို ၂၀၁၃ ခုနှစ်မကုန်မီ ပြန်လည် အသုံးပြုသွားမည်ဖြစ်ကြောင်း ပရက်စ်တီဗွီတွင် ဖော်ပြသည်။ နျူကလီးယား ဓာတ်ပေါင်းဖို အအေးပေးအင်ဂျင် ချွတ်ယွင်း၍ ၂၀၁၀ ခုနှစ်တွင် ဒေါကတင်ထားသော ပဲ့ထိန်းဒုံးကျည် တပ် K-150 Tomsk ရေငုပ်သင်္ဘောနှင့် ၂၀၁၀ ခုနှစ်ကတည်းက K-149 Kughuss ပြင်ဆင်ဆဲ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောနှစ်စင်းတို့ကိုလည်း ယင်းရေယာဉ်အုပ်စုတွင် အသုံးပြုသွားမည်ဖြစ်သည်။ ရုရှားနိုင်ငံသည် နျူကလီးယား ရေငုပ်သင်္ဘော အစင်း ၄၀ ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်ပြီး ယင်းတို့အနက်မှ အစင်း ၂၀ ကို ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင် မွမ်းမံခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (ပရက်စ်တီဗွီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1