Sunday, May 5, 2013

ပြည်ပကားတင်သွင်းမှုကဏ္ဍ ကညနမှ ဖြေလျော့မှုများပြုလုပ်ပေးနေ

Ever November | 5/05/2013 08:42:00 AM | Best Blogger Tips

ပြည်ပမှတင်သွင်းလာသောကားများတစ်ပတ်အတွင်း ငွေမပေးသွင်းနိုင်မှုအတွက်  ထပ်မံ၍ဖြေလျှော့မှုများ ပြုလုပ်ခဲ့ပေးခဲ့သည်ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြာမှုဦးစီးဌာန( မြင်သာ)က သိရသည်။
 
ယခင်က ငွေတွက်ချက်ပြီး တစ်ပတ်အတွင်း ငွေမသွင်းလျှင် ဒဏ်ကြေးငွေ ကောက်ခံခဲ့သော်လည်း ယခုအခါ နှစ်ပတ်အထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
 
 “ အခုလို လုပ်ပေးလိုက်တာ ကျွန်တော်တို့လို ကားသွင်းနေတဲ့သူတွေအတွက် ပိုကောင်းသွားတာပေါ့၊ မဟုတ် ရင် တစ်ပတ်အတွင်းဆိုတော့ ကျွန်တော်တို့ဆီမှာဆိုရင် စာရင်းတွက်ရတာနဲ့ ပြီးရင် တခြားအလုပ် တွေကလည်း ရှိသေးတော့ တစ်ပတ်အတွင်း မသွားဖြစ်တာရှိတယ်၊ ကားကလည်း သွင်းရင် တစ်စီးနှစ်စီးလည်း မဟုတ်ဘူး၊ အနိမ့်ဆုံး ၁၅ စီး အစီး ၂၀ လောက်ဆိုတော့ ဒဏ်ကြေးဆောင်တဲ့ အချိန်ကျရင် သိသာတယ် ဟု သင်္ကန်းကျွန်းမြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာကိုမင်းထက်ကိုက ပြောသည်။
 
ယခုအခါ နှစ်ပတ်ကျော်သည်အထိ ငွေမသွင်းပါက ဒဏ်ကြေးငွေအဖြစ် ယခင်အတိုင်း တစ်ရက်လျှင်ကျပ် သုံးထောင် ခန့် ကောက်ခံမည်ဟု သိရသည်။
 
 “ အခု ဖြေလျှော့ပေးလိုက်တာက ဒီတစ်ချက်တည်း မဟုတ်ပါဘူး၊ အများကြီး ဖြေလျှော့ပေးလိုက်တာပါ၊ ဒီလို လုပ်လိုက်မယ်ဆိုရင် ကားသွင်းတဲ့သူတွေ ပိုပြီးတော့ အဆင်ပြေလာမယ်၊ ပြီးတော့လည်း လုပ်ငန်း မြန်ဆန် လာမယ် ဟု က.ည.န( မြင်သာ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အခြားဖြေလျှော့ပေးမှုအနေဖြင့် ယခင်က နံပါတ်ယူပြီးလျှင် ယာဉ်စစ်ဆေးခ ၄,၅၀၀ ကျပ် ပေး သွင်းခဲ့ရသော် လည်း ယခုအခါ ယာဉ်မှတ်ပုံတင်ကြေး ပေးသွင်းသည့်အခါမှ ယာဉ်စစ်ဆေးခပါ တစ်ပြိုင်တည်း ပေးသွင်းနိုင် မည် ဖြစ်သည်။
 
ယာဉ်အို၊ ယာဉ်ဟောင်းတွေကို သံရည်ကျိုစက်ရုံပို့ပြီးရင် ပုံစံ(စ) ယူဖို့ မလိုအပ်တော့ပါဘူး၊ အင်းစိန်၊ မြင်းခြံ၊ သံရည်ကျိုစက်ရုံတွေမှာ က.ည.န က ကိုယ်စားလှယ်ထားပြီး လာအပ်တဲ့ သံရည်ကျို ကားစာရင်းကို ကနဦး မှတ်ပုံတင်ဌာနဆီ နေ့စဉ် Fax ပို့ပေးမှာဖြစ်တဲ့အတွက် ယာဉ်ပိုင်ရှင်တွေအနေနဲ့ ပုံစံ(စ) ယူစရာ မလိုတော့တာ ဖြစ်ပါတယ်ဟု က.ည.နမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။
 
ထို့အပြင် BB Taxi ကားများ သွင်းယူလိုပါက ကိုယ်ပိုင်ယာဉ် ပြောင်းလဲခွင့်ပြုမည် မဟုတ်ဆိုသည့် ခံဝန်ချက်ယူရန် မလိုအပ်ကြောင်းကိုလည်း သိရသည်။
မြတ်မိုးကျော်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1