Sunday, May 5, 2013

PSG သို့ ပြောင်းမည်ဆိုသော သတင်းများအား ဝင်းဂါး ငြင်းဆို

Ever November | 5/05/2013 08:24:00 AM | Best Blogger Tips

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက ၎င်းအနေဖြင့် PSG အသင်းသို့ ပြောင်းရွှေ့ရန် လုပ်ဆောင်နေကြောင်း ထင်ကြေး သတင်းများအား ငြင်းဆို သွားခဲ့သည်။
ပြင်သစ်သား မန်နေဂျာကြီးက မိမိသည် အမ်းမရိတ်စ်တွင် မိမိတာဝန်ယူရသော အလုပ်အကိုင်ကို ချစ်မြတ်နိုးနေဆဲဟု ဆိုသည်။ အာဆင်နယ်သည် ဝင်းဂါးလက်ထက် နောက်ဆုံး(၈)နှစ်ဆက် မည်သည့် ဆုဖလားမျှ ရယူနိုင်ခြင်း မရှိသည့် မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့သည့်နောက် ပရိသတ် အချို့က ဝင်းဂါးကို စိတ်ပျက်ကြောင်း ဝေဖန်မှုများ ပြုလုပ် လာခဲ့သည်။ တစ်ဖက်တွင် PSGကလည်း ဝင်းဂါးကို နည်းပြရာထူး အတွက် စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လာရာ ဝင်းဂါး အာဆင်နယ်ကို စွန့်ခွာတော့မည်ဆိုသော ခန့်မှန်းချက်များ အားကောင်းလာခဲ့သည်။ ဝင်းဂါးသည် အာဆင်နယ်နှင့် (၂၀၁၄)ခုနှစ်၊ နွေရာသီထိ စာချုပ်ထားသည်။
၎င်းကမူ "ကျွန်တော် ခုလို မေးခွန်းတွေကို ခဏခဏ ဖြေဖူးပါတယ်။ ဟုတ်ပြီ။ ကျွန်တော်ကတော့ ကျွန်တော့် စာချုပ်ကို လေးစားတယ်။ ဘောလုံးဟာ ကျွန်တော့်အတွက် စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ ပြီးတော့ အာဆင်နယ်ကို ချစ်တဲ့ ကျွန်တော့်ရဲ့ စိတ်က ကျွန်တော့်ကို စိတ်လှုပ်ရှား ထက်သန်စေတယ်"ဟု ပြောကြားခဲ့သည်။ ၎င်းက အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် အစီအစဉ် ရှိမရှိ မေးမြန်းမှုများကိုမူ "ကျွန်တော်က အသင်းအတွက် ကောင်းကောင်း စွမ်းဆောင်ပေးနိုင်မယ် ဆိုရင်တော့ ဒီမှာ ဆက်နေချင်တယ်။ ကလပ်ကလည်း ဒီအချက်ကို အလေးအနက် စဉ်းစားမှာပဲလေ"ဟု ဖြေဆိုသွားသည်။
ဝင်းဂါးက ယခုရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် မိမိတို့ အစွမ်းကုန် ကြိုးစားမည် ဖြစ်ပြီး QPRနှင့် ပွဲစဉ်ကို အနိုင်ကစားမည်ဟုလည်း ဆိုသည်။ "ပွဲတိုင်းကတော့ အခက်အခဲတွေ ရှိမှာပဲ။ ဒါပေမဲ့ အသင်းသားတိုင်း အာရုံစူးစိုက်မှု အပြည့်နဲ့ ကစားပြီး အကောင်းဆုံး ရလဒ်တစ်ခု ထွက်ပေါ်လာဖို့တော့ ကျွန်တော်တို့ မျှော်လင့်တယ်"ဟု ဝင်းဂါးက ပြောကြားသွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1