Friday, July 5, 2013

အမေရိကန်နိုင်ငံ၌ ကားသစ်ရောင်းမှုစံချိန်တင်

Ever November | 7/05/2013 09:32:00 AM | Best Blogger Tips

အမေရိကန်နိုင်ငံ စီးပွားရေး ပြန်လည်နာလန်ထူလာခြင်းနှင့်အတူ ဇွန်လထဲ၌ ပြီးခဲ့သည့် ငါးနှစ်ခွဲ ကာလအတွင်း ကားသစ်ရောင်းချရမှု အမြင့်မားဆုံး ဖြစ်လာခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတွင် ရေးသားဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏ ခိုင်မာသော သတင်းရပ်ကွက်မှ ပြောကြားချက်အရ ပြီးခဲ့သည့်လတွင် ကားသစ်ရောင်းချမှုသည် ၁ ဒသမ ၄ သန်း စံချိန်ကိုပင် ကျော်လွန်ခဲ့သည်ဟု ဆိုသည်။ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ကိုးရာခိုင်နှုန်း ရောင်းအား တက်လာခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလကတည်းကစကာ အဆိုပါ ရောင်းရနှုန်းမှာ အမြင့်ဆုံးဖြစ်သည်ဟု ဆိုထားသည်။ ကားကြီးများ ရောင်းချမှု မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံ ကားကုမ္ပဏီများသည်လည်း အရောင်းသွက်ခဲ့ကာ နစ်ဆန်ကား ရောင်းချရမှုမှာ ၁၃ ရာခိုင်နှုန်း ပိုလာခဲ့ပြီး တိုယိုတာနှင့် ဟွန်ဒါ ကားတင်ပို့ရောင်းချမှုမှာ ၁ဝ ရာခိုင်နှုန်းထိ တိုးတက်သွားသည်ဟု သိရသည်။ အမေရိကန် စီးပွားရေးမှာ တစ်ဟုန်ထိုး ကျဆင်းမှုကြောင့် စိုးရိမ်ပူပန်နေရသော်လည်း ကားသစ်ရောင်းချရမှု ဈေးကွက်မှာ ခိုင်မာတောင့်တင်း လာခဲ့သည်။ 
(အင်န်အိတ်ခ်ျကေ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1