Friday, July 5, 2013

ယခုနွေရာသီ ဘေးလ်ကို ခေါ်ယူရန် အစီအစဉ်ကို လက်လျှော့သွားသည့် ရီးယဲလ်

Ever November | 7/05/2013 09:36:00 AM | Best Blogger Tips

တော့တင်ဟမ် ဟော့စပါး တောင်ပံလူ ဂါရတ်သ်ဘေးလ်ကို ခေါ်ယူရန် ရီးယဲလ်မက်ဒရစ် အသင်း၏ အားထုတ် ကြိုးပမ်းမှုကို လက်လျှော့လိုက်ပြီဟု သိရသည်။
စပိန် လာလီဂါ ထိပ်တန်း ကလပ် အသင်းကြီးသည် ဝေလ လက်ရွေးစင် ကစားသမားကို စိတ်ဝင်စားမှု ပြသခဲ့သော်လည်း စပါးက ဘေးလ်ကို ရောင်းထုတ်လိုခြင်း မရှိသလို ကစားသမားလည်း ရီးယဲလ်သို့ ထက်ထက်သန်သန် ပြောင်းရွှေ့လိုမှု မပြသသည့်နောက် ဆက်လက် အားထုတ်တော့မည့် အခြေအနေ မရှိတော့ကြောင်း The Sunက ဖော်ပြခဲ့သည်။ အသက်(၂၃)နှစ်ရှိ ဘေးလ်အတွက် ရီးယဲလ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးပင် အသုံးပြုနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနွေရာသီတွင်မူ ဖြစ်နိုင်ခြေ မရှိတော့ဟု ဆိုသည်။
သို့သော်လည်း ရီးယဲလ်သည် လာမည့် ဘောလုံးရာသီ အကုန်တွင်မူ ဘေးလ်ကို ဘာနေဗျူးသို့ အရောက်ဆောင်ကြဉ်းနိုင်ရန် မျှော်လင့်ထားဆဲ ဖြစ်သည်။ စပိန်သတင်းဌာန Marcaက "ရီးယဲလ်ဟာ ဘေးလ်ကို ခေါ်ယူဖို့ အားထုတ်မှုကို ဆိုင်းငံ့ထားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ စပါးဆီက နောက်ထပ် ငြင်းဆိုစကား ကြားခဲ့တဲ့နောက်မှာ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်နဲ့ သူ့အသင်းက ဘေးလ်ကို ဒီနွေမှာ စာချုပ် ခေါ်ယူဖို့ မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်လိုက်ပါတယ်။ အင်္ဂလန် ကလပ်ဘက်က ဥက္ကဋ္ဌ ဒန်နီလီဗိုင်းဟာ ဆွေးနွေးမှုကို လက်မခံပါဘူး။ ပြောင်းလွယ်ပြင်လွယ် အခြေအနေမှာ မဟုတ်ရင် သဘောတူညီမှုတစ်ခု တည်ဆောက်ဖို့ ဆိုတာက မဖြစ်နိုင်ပါဘူး"ဟု ဖော်ပြခဲ့သည်။
ဘာစီလိုနာ၊ မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး အသင်းများသည်လည်း ဘေးလ်၏ အနေအထားကို စောင့်ကြည့်နေသည့်တိုင် လက်တွေ့ ချဉ်းကပ် အားထုတ်မှု မရှိချေ။ အဓိက ချိတ်ဆက် ကမ်းလှမ်းသည့် ရီးယဲလ်အသင်း၏ အားထုတ်မှုမှာလည်း ပယ်ချ ခံရသည့်နောက် ဘေးလ်သည် လာမည့်ရာသီ ဝှိုက်ဟတ်လိန်းတွင်ပင် ဆက်ရှိရန် အလားအလာ များပြားလာခဲ့သည်။
Ref: The Sun
soccer myanmar

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1