Friday, July 5, 2013
လာမည့်နှစ်ပေါင်း နှစ်ဘီလီယံတွင် ကမ္ဘာမြေ၌ သက်ရှိများ ပျောက်ကွယ်နိုင်
Ever November | 7/05/2013 09:27:00 AM |
နိုင်ငံတကာသတင်း
လာမည့်နှစ်ပေါင်း နှစ်ဘီလီယံကာလတွင် ကမ္ဘာပေးရှိ အပင်နှင့် သက်ရှိသတ္တ၀ါ မျိုးစိတ်များ အလုံးစုံ ပျက်သုဉ်းမည့် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာနိုင်ဖွယ် ရှိကြောင်း စကော့တလန် သုတေသီများက ခန့်မှန်းချက် တစ်ခုကို ဇူလိုင် ၂ ရက်တွင် ထုတ်ပြန်တင်ပြခဲ့ကြသည်။ လေထုလွှာအတွင်း ကာဗွန်ဓာတ်ငွေ့များ ပမာဏ အမြောက်အမြား နေရာယူလာခြင်း၊ နေ၏ သက်တမ်းရှည်ကြာလာမှုနှင့်အတူ အပူထုတ်လွှတ်မှု မြင့်မားလာခြင်း၊ မြင့်မားလာသည့် အပူချိန်နှင့်အတူ ခရမ်းလွန်ရောင်ခြည်များ ကျရောက်မှု မြင့်မားသိပ်သည်းလာခြင်းနှင့် ရေထု၊ လေထုနှင့် ဓာတ်ငွေ့များ လည်ပတ်မှုစက်ဝန်း ကမောက်ကမ ဖြစ်လာခြင်းကြောင့် လူနှင့် အခြား သက်ရှိသတ္တ၀ါ မျိုးစိတ်များ အပင်မျိုးစိတ်များအားလုံး လာမည့် နှစ်ပေါင်း တစ်ဘီလီယံကျော် နှစ်ဘီလီယံ ကာလအတွင်း ကမ္ဘာပေါ်မှ ပျက်သုဉ်း ပျောက်ကွယ်နိုင်ဖွယ်ရာ အနေအထားတစ်ရပ် ဖြစ်ပေါ်လာနိုင်ကြောင်း စကော့တလန် စိန့်အင်န်ဒရူး တက္ကသိုလ်မှ လေထုလွှာ လေ့လာရေး ပညာရှင် ဂျက်အိုမယ်လီဂျိမ်းစ်က ကွန်ပျူတာဖြင့် အသေးစိတ် တွက်ချက်မှုပြုပြီးနောက် ရရှိလာသော အဖြေကို ထုတ်ပြန်တင်ပြခဲ့ခြင်း ဖြစ်သည်။ (အင်တာနက်)
khitlunge
Subscribe to:
Post Comments (Atom)
No comments:
Post a Comment