Friday, July 5, 2013

ပါကစ္စတန်အနောက်မြောက်ပိုင်း၌ အမေရိကန်မောင်းသူမဲ့လေယာဉ် တိုက်ခိုက်ခံရ

Ever November | 7/05/2013 09:23:00 AM | Best Blogger Tips

ပါကစ္စတန် အနောက်မြောက်ပိုင်း၌ အမေရိကန် သံသယရှိ မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၁၆ ဦး သေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားသည်ကို ဇူလိုင် ၃ ရက်က ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ မြောက်ဝါဇီရစ္စတန် လူမျိုးစုဒေသရှိ အဆောက်အအုံ တစ်လုံးကို ဇူလိုင် ၃ ရက် စောစောပိုင်းက အနည်းဆုံး ဒုံးကျည်နှစ်လုံး ထိမှန်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ သေဆုံးသူအများစုသည် ဟက်ကာနီကွန်ရက်မှ ဖြစ်လိမ့်မည်ဟု ယူဆထားကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကားလျက် သတင်းများက ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုသည် ဝန်ကြီးချုပ် နာဝပ်ရှရစ် တာဝန်ယူပြီးနောက် ဒုတိယအကြိမ် တိုက်ခိုက်မှုဖြစ်သည်။ ဝန်ကြီးချုပ်အနေဖြင့် တိုက်ခိုက်မှုများ အဆုံးသတ်ရန် တောင်းဆိုထားသည်။ မြောက်ဝါဇီရစ္စတန်၌ ဇွန် ၈ ရက်က တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လူခုနစ်ဦး သေဆုံးသွားသည်ဟု ဆိုသည်။ ၂ဝဝ၄ နှင့် ၂ဝ၁၃ ခုနှစ်အတွင်း ပါကစ္စတန်နိုင်ငံ၌ စီအိုင်အေ မောင်းသူမဲ့ လေယာဉ် တိုက်ခိုက်မှုကြောင့် လူပေါင်း ၃၄၆ဝ သေဆုံးသွားပြီ ဖြစ်သည်။ 
(ဘီဘီစီ)
khitlunge

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1