Friday, July 5, 2013

ခြေထောက် လေးချောင်းပါ ကလေးငယ်ကို ယခုလ ဒုတိယပတ်အတွင်း ရန်ကင်း ကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသမည်

Ever November | 7/05/2013 10:05:00 AM | Best Blogger Tips
 
မိခင်နှင့်အတူ တွေ့ရှိရသည့် ခြေလေးချောင်းပါ ကလေးငယ် (ဓာတ်ပုံ-ဧရာဝတီ ဖောင်ဒေးရှင်း)
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှ မွေးရာပါ ခြေထောက် လေးချောင်းပါ သုံးလခွဲအရွယ်ကလေးငယ်ကို
ယခုလ ဒုတိယပတ်အတွင်း ရန်ကင်းကလေးဆေးရုံကြီးတွင် ခွဲစိတ်ကုသသွားမည်ဖြစ်ကြောင်း ရန်ကင်း ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်မြင့်လွင်က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ခွဲစိတ်ကုသရန် အတွက် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ် ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူး ကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင် မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရသည်။
ခြေထောက် လေးချောင်းပါ ကလေးငယ်အား ခွဲစိတ်ကုသရာတွင် ပိုနေသည့် ခြေထောက် နှစ်ချောင်းကို အဓိက ဖယ်ထုတ်မည်ဖြစ်ပြီး ခွဲစိတ်ကုသပြီး နောက်ပိုင်း လမ်းလျှောက်နိုင်ရန်၊ ကျင်ကြီးကျင်ငယ် သွားနိုင်ရန် ခွဲစိတ်မည် ဖြစ်ကြောင်း သိရသည်။

လိုအပ်သည့် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားပြီး ခွဲစိတ်ကုသမှုကို ရန်ကုန်နှင့် ရန်ကင်း ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ် အထူးကု ဆရာဝန်ကြီးများ၊ အရိုးအထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ စသည့် ဆေးပညာရှင်များ စုပေါင်း လုပ်ဆောင်မည်ဖြစ်ပြီး ခွဲစိတ်ကုသမည့် ရက်ကိုမူ အတိအကျ မသတ်မှတ်ရသေးကြောင်း သိရ...

ယင်းကလေးငယ်အား ခွဲစိတ်ကုသရန် အတွက် မေ ၁၂ ရက်က ရှမ်းပြည်နယ်မှ ရန်ကင်း ကလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ် ခဲ့ခြင်း ဖြစ် သည်။
ယင်းကလေးငယ်အား ခွဲစိတ်ရာတွင် လိုအပ်သည့် ခွဲစိတ်အထောက်အကူပြု စက်ကိရိယာ ပစ္စည်းများ၊ ကုန်ကျမည့် ကုန်ကျစရိတ်များ အားလုံးကို နိုင်ငံတော်နှင့် ဧရာဝတီ ဖောင်ဒေးရှင်းမှ တာဝန်ယူ လုပ်ဆောင်ပေးမည်ဖြစ်ပြီး လက်ရှိ မခွဲစိတ်မီ ကလေးငယ်နှင့် သူ၏မိသားစုအတွက် အထွေထွေ ကုန်ကျ စရိတ်များကို ဧရာဝတီ ဖောင်ဒေးရှင်းမှပင် တာဝန်ယူ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
သုံးလခွဲအရွယ် မွေးရာပါ ခြေထောက် လေးချောင်းပါ ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး ယင်းကလေးငယ်ကို ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လုံမြို့ တောင်ဘက်ရှိ ၄၅ မိုင် အကွာ ကျေးရွာတစ်ရွာတွင် အဖဦးခွန်စံဒွေး၊ အမိဒေါ်နန်းနောင်းနောင့်တို့မှ မွေးဖွားခဲ့ခြင်းဖြစ်ကာ မွေးချင်းလေးဦး ရှိကြောင်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1