မလေးရှားနိုင်ငံ ၀န်ကြီးချုပ် နာဂျစ်တွန်းရာဇတ်ဟာ မြန်မာနိုင်ငံကို (၂)
ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် ထွက်ခွာသွားပြီလို့ မလေးရှား သတင်းတွေ မှာ
ရေးသား ထားပါတယ်။
ဝန်ကြီးချုပ်နဲ့
ဇနီးသည်တွေကို တင်ဆောင်ထားတဲ့ အထူးလေယာဉ်ဟာ ဒီနေ့ ၁ နာရီ မိနစ် ၂၀ လောက် က
မလေးရှားနိုင်ငံ ကွာလမ်လာပူကနေ ထွက်ခွာသွားတာပါ။ ဒီခရီးစဉ် ဟာ နှစ်နိုင်ငံ
ဆက်ဆံရေးပိုမို တိုးတက်ကောင်းမွန်အောင် ရည်ရွယ်တာ ဖြစ်တယ် လို့ မလေးရှား
BERNAMA သတင်းမှာဖော်ပြပါတယ်။
၂၀၀၉ ခု
ဧပြီလက စပြီး ၀န်ကြီးချုပ်တာဝန်ကို ရယူခဲ့တဲ့ နဂျစ်တွန်းရာဇတ် အတွက်
ပထမဆုံး မြန်မာပြည် ခရီးစဉ်ဖြစ်ပြီး နေပြည်တော် မှာ သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ဆုံဖို့ မျှော်လင့် ထားတယ် လို့ သတင်းက ဆိုပါတယ်။
မလေးရှား
ဝန်ကြီးချုပ်ဟာ ၂၀၁၄ ခုနှစ် မှာ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ
ဥက္ကဋ္ဌအဖြစ် တာဝန် ယူရေးအတွက် အဓိကကျတဲ့ နေရာက ပါဝင်ခဲ့တယ်လို့
မလေးရှားမီဒီယာတွေက ရေးပါတယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့
မြန်မာနိုင်ငံခရီးစဉ်မှာ မလေးရှား ကုမ္ပဏီ ၅၀လောက်က စီးပွားရေးသမားတွေ
အပါအ၀င် အဖွဲ့ဝင် ၁၅၀ လောက် လိုက်ပါ သွားတဲ့အတွက် ဒီခရီးစဉ် ဟာ နှစ်နိုင်ငံ
စီးပွားရေး ပူးပေါင်းဆောင်ရွက် ဖို့ အဓိကထား ဆွေးနွေးကြလိမ့် မယ်လို
့မျှော်လင့်နေကြပါတယ်။
တချိန်တည်းမှာလိုဘဲ
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဧပြီ (၁)ရက် ရွေးကောက်ပွဲ ကို စောင့်ကြည့်ဖို
့ မလေးရှား နိုင်ငံက လေ့လာသူ ကိုယ်စားလှယ် အဖွဲ့တွေ လည်း မြန်မာနိုင်ငံကို
သွားရောက်ဖို့ ရှိနေပါတယ်။
DVB
No comments:
Post a Comment