Wednesday, March 28, 2012

 မာလီ အာဏာသိမ်း စစ်အစိုးရက သူပုန်များနှင့် ဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်း

Ever November | 3/28/2012 09:53:00 PM | Best Blogger Tips
မာလီ အာဏာသိမ်း စစ်အစိုးရက နိုင်ငံမြောက်ပိုင်းရှိ Tuareg သူပုန်များနှင့် စေ့စပ်ဆွေးနွေးရန် မတ်လ ၂၆ ရက်တွင် ကမ်းလှမ်းခဲ့ပြီး သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန် ဆွေးနွေးမည်ဖြစ်သည်။
အမေရိကန်က အကူအညီပေးမှု ရပ်ဆိုင်းခြင်းအပါအ၀င် နိုင်ငံတကာမှ ဖိအားပေးမှု၊ ပြည်တွင်း၌ အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြမှု ကြုံနေရသော စစ်အစိုးရသစ်က နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သူပုန်များကို ကမ်းလှမ်း ခဲ့ခြင်းဖြစ်သည်။ သူပုန်များအနေဖြင့် တိုက်ခိုက်နေမှု ရပ်တန့်ရန်နှင့်  ဆွေးနွေးပွဲသို့ မြန်နိုင်သမျှ မြန်မြန်ဝင်ရောက်ရန် တိုက်တွန်းခဲ့ပြီးဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ကြီး Amadou Sanogo က ပြောကြားခဲ့သည်။ နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုနှင့် ညီညွတ်ရေးကို ထိပါးမှုမှလွဲ၍ ကိစ္စအားလုံး စေ့စပ်ဆွေးနွေး နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မာလီမြောက်ပိုင်းတွင် အားကောင်းသော Tuareg သူပုန်များကလည်း ပြီးခဲ့သော သီတင်းပတ်က အာဏာသိမ်းမှုကြောင့် မတည်ငြိမ်မှု ဖြစ်ပွားခဲ့ခြင်းကို အခွင့်ကောင်းယူကာ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး မိမိတို့ ဘိုးဘွားပိုင်နက်မြေ ပြန်လည်ရရှိရန်အတွက် တိုက်ခိုက်နေခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။
အဓိကကျသော Kidal  မြို့မှာ မကြာမီ မိမိတို့ လက်ထဲကျတော့မည်ဟု သူပုန်များက မတ်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အနောက်အာဖရိကနိုင်ငံ မာလီသို့ ဥရောပ၊ ကနေဒါနှင့် အခြားနိုင်ငံများက အကူအညီပေးမှု ရပ်ဆိုင်းခဲ့ပြီးနောက် အမေရိကန်ကလည်း အကူအညီပေးမှုရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1