Wednesday, March 28, 2012

 (၆၇)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့) အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများ သ၀ဏ်လွှာပေးပို့

Ever November | 3/28/2012 08:54:00 PM | Best Blogger Tips
(၆၇)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့မှ ၀ါရင့်နိုင်ငံရေးသမားများ သည် တော်လှန်ရေးနှင့် မိတ်ဆုံစားပွဲသို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း
 သိရှိ ရပါသည်။

အဆိုပါ သ၀ဏ်လွှာ၌   မတ်လ ၂၇ ရက်နေ့သည် လွန်ခဲ့သော ၆၇ နှစ်အချိန်က တစ်မျိုးသားလုံး စည်း လုံးညီညွတ်မှု စွမ်းအားဖြင့် ဖက်ဆစ်စနစ်၊ ဖက်ဆစ်ဝါဒကို မြန်မာ့မြေပေါ်မှ တော်လှန်တိုက်ထုတ်ခဲ့သော နေ့ထူးနေ့မြတ် ဖြစ်ကြောင်းကို အစပျိုး ရေးသားခဲ့ပြီး ၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်းကို ပြန်လည် ကောက်နုတ်ခဲ့ပါသည်။

တိုင်းရင်းသား ပြည်သူတွေနဲ့ ကင်းကွာပြီး မင်းစိတ်ပေါက်နေတဲ့ အရာရှိ တွေခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူတို့ ဆန္ဒနှင့် လုပ်ကိုင် နေရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်။
ထို့နောက် ယနေ့ကဲ့သို့ ပြည်ထောင်စု ဒီမိုကရေစီ နိုင်ငံထူထောင်ရန် အသွင်ကူးပြောင်းနေသော ကာလ၌ အမူအကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းများကို တော်လှန် ပြောင်းလဲပစ်ရန် လိုအပ်နေကြောင်းလည်း သ၀ဏ်လွှာတွင်  ဆက်လက် ရေးသားခဲ့သည်။
ယင်းအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ဒီမိုကရေစီ အနှစ်သာရ ဆိုသည်မှာ ‘နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည် နိုင်ငံသားများထံမှ တိုက်ရိုက် ဆင်းသက်သည် ဆိုသော အချက်ကို ပြောဆိုခဲ့ပြီး ထိုအချက်ကြောင့် အစိုးရကို ပြည်သူ စိတ်ပြောင်းလဲလာစေရန်၊ ပြည်သူကို အစိုးရစိတ် ပြောင်းလဲလာစေရန်နှင့် အ စိုးရ၀န်ထမ်းအဖြစ်မှ ပြည်သူ့ဝန်ထမ်းအဖြစ် ပြောင်းလဲလာစေရန် သည် ယနေ့အချိန်တွင် ဦးတည် ပြောင်းလဲပစ်ရမည့် အတွေးအမြင် တော်လှန်ရေး တစ်ရပ်ဖြစ်သည်ဟု အလေးအနက် ယုံကြည် တိုက်တွန်းကြောင်း (၆၇)နှစ်မြောက် တော်လှန် ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ရေးသားခဲ့သည်။
အဆိုပါသ၀ဏ်လွှာ၌ ကိုးကား ထည့်သွင်းရေးသားခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်း၏ မိန့်ခွန်းမှာ ဖက်ဆစ် တော်လှန်ရေးအပြီး ၁၉၄၅ ခုနှစ် သြဂုတ်လအတွင်း ပြုလုပ်သော စတုတ္ထအကြိမ်မြောက် နိုင်ငံခေါင်းဆောင် များ အစည်းအဝေး၌ ပြောဆိုခဲ့သော မိန့်ခွန်းမှ ကောက်နုတ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းရင်းသား ပြည်သူတွေနဲ့ ကင်းကွာပြီး မင်း စိတ်ပေါက်နေတဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်တစ်မျိုးရှိနေရင် အများပြည်သူတို့ဆန္ဒနှင့် လုပ်ကိုင်နေရတဲ့ ဒီမိုကရေစီ ၀ါဒခေတ်မစားနိုင်တဲ့ ဖက်ဆစ်ဝါဒ ဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီမိုကရေစီဝါဒ ကိုသာ ခေတ်စားအောင်လုပ်ရမယ်။ အဲဒီဝါဒမျိုး အရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားကြရမယ်”ဟု ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1