Wednesday, March 28, 2012

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် သဘာဝဓာတ်ငွေ့ ကုဗပေသန်းပေါင်း ၄၄၇၁၉၈ ထုတ်လုပ်ရန် ရည်မှန်းထား

Ever November | 3/28/2012 09:14:00 PM | Best Blogger Tips
၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကုန်းတွင်းနှင့် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ နှင့်ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန်
ရည်မှန်းထားကြောင်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း၊ စွမ်းအင် ကဏ္ဍထုတ်လုပ်ရေး ရည်မှန်းချက်အရ သိရှိရသည်။

အဆိုပါ ဘဏ္ဍာရေးနှစ်တွင် ရေနံစိမ်း အမေရိကန်စည် ထောင်ပေါင်း  ၇၁၅၆ ဒသမ ၆ ထုတ်လုပ်ရန် ရည်မှန်းထားပြီး ကုန်းတွင်းလုပ်ကွက်မှ စည်ထောင်ပေါင်း ၃၄၃၅ ဒသမ ၆ နှင့် ကမ်းလွန်မှ ရေနံစိမ်းစည် ထောင်ပေါင်း ၃၇၂၁ ထုတ်လုပ်ရန် ဖြစ်ကြောင်း သဘာဝဓာတ်ငွေ့ ကုဗပေ သန်းပေါင်း ၄၄၇၁၉၈ ထုတ်လုပ်သွားရန် ရည်မှန်းထားပြီး ကုန်းတွင်းမှ ကုဗပေသန်းပေါင်း ၂၁၉၇၃ နှင့် ကမ်းလွန်မှ ကုဗပေ သန်းပေါင်း ၄၂၅၂၂၅ ထုတ်လုပ်ရန် ရည်မှန်းထားကြောင်း သိရှိရသည်။

ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ယင်းကဲ့သို့ တိုးတက်ထုတ်ယူနိုင်ရန် ရည်မှန်းထားခြင်းမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရေနံစိမ်း၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် သဘာဝဓာတ်ငွေ့ ထုတ် လုပ်မှု တိုးတက်လာနိုင်မည်ဟု ခန့်မှန်းထားခြင်းကြောင့် ဖြစ်သည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း တနင်္သာရီတိုင်းဒေသကြီး၌  ကမ်းလွန်လုပ်ကွက်များမှ ရေနံစိမ်း ပိုမိုထုတ်လုပ်နိုင်မည်ဟုလည်း ခန့်မှန်းထားပြီး မကွေးတိုင်းဒေသကြီးတွင် သာကြီးတောင်ရေနံမြေ၊ ချောက်ရေနံမြေ၊ ရေနံချောင်း ရေနံမြေတို့တွင်လည်း ရေနံတွင်းသစ်များ တိုးချဲ့ထူ ထောင်ခြင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေတောင်ရေနံမြေ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ညောင်တုန်းရေနံမြေတို့ကို တိုးချဲ့ ထူထောင်သွားရန်ရှိကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ညောင်တုန်း / မအူပင်ရေနံမြေ၊ သာကေတ(ကမ်းလွန်ရေနံရှာဖွေရေး အခြေစိုက်စခန်း)၊ ပျော်ဘွယ်/ရေနီ/ တောင်ဖီလာ သဘာဝဓာတ်ငွေ့ပိုက်ပိုင်း၊ ပြည်တွင်းသုံး ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ စီအင်န်ဂျီအရောင်း ဆိုင် တည်ဆောက်ခြင်း လုပ်ငန်းစီမံကိန်းများကို အဓိက အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1