Thursday, March 22, 2012

မိုး​ပြာ​ရောင်ဘုန်း​ကြီး​ မတရား​သဖြင့်​ ​ထောင်ဒဏ်ချမှတ်ခံ​နေရ

Ever November | 3/22/2012 10:17:00 AM | Best Blogger Tips
ဦး ဉာဏ

မိုး​ပြာ​ရောင်ဆရာ​တော်လို့​ လူသိများ​တဲ့​ ပစ္စုန်ပန်ကမ္မဝါဒ ဘုန်း​ကြီး​ဦး​ဉာဏကို ကချင်ပြည်နယ် မြစ်ကြီး​ နား​ထောင်မှာ ​ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံရတာဟာ ဘာသာ​ရေး​ လွတ်လပ်ခွင့်​မရှိမှုနဲ့​ လွတ်လပ် စွာ အသင်း​အဖွဲ့​ ဖွဲ့​စည်း​ခွင့်​ မရှိဖြစ်​နေတယ်လို့​ အာရှလူအခွင့်​အ​ရေး​ကော်မရှင်က ဒီ​နေ့​မှာ ထုတ်​ဖော် ​ပြောဆိုပါတယ်။
မိုး​ပြာ​ ရောင်ဦး​ဉာဏဟာ မန္တ​လေး​တိုင်း​ ပုသိမ်ကြီး​မြို့​နယ်က အနုပါဒါယဉ်​ကျေး​မှု တရား​ဌာနမှာ သီး​တင်း​ သုံး​နေစဉ်မှာ ၂၀၁၀ ​ဖေ​ဖော်ဝါရီ ၁၂ ရက်​နေ့​မှာ ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ဘာသာ​ရေး​ပုဒ်မ​တွေနဲ့​ တရား​စွဲဆိုပြီး​ ​ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံထား​ရတာပါ။
မိုး​ပြာ​ ရောင် ဦး​ဉာဏဟာ ပစ္စုပန်ကမ္မဝါဒ ဗုဒ္ဒဘာသာကို တည်​ထောင်ခဲ့​သူဖြစ်ပြီး​ ၁၉၈၃ ခုနှစ်ကတည်း​ ​ထေရဝါဒဗုဒ္ဓဘာသာကို စွန့်​လွှတ်ထား​သူလည်း​ ဖြစ်ပါတယ်။ ပစ္စုပန်ကံမဝါဒ ဗုဒ္ဓဘာသာဟာ ​ထေရာဝါဒနဲ့​ မတူတဲ့​ သီး​ခြား​ဗုဒ္ဓဘာသာ တခုဖြစ်တယ်လို့​ မိုး​ပြာ​ရောင်ဦး​ဉာဏ တပည့်​သာဝါက​တွေက ​ပြောပါတယ်။
မိုး​ပြာ​ ရောင် ဦး​ဉာဏဟာ ၁၉၈၃ ကလည်း​ သာသနာ​တော်ကို ညှိုး​နွှမ်း​စေမှုနဲ့​ အပြစ်​ပေး​ခံပြီး​ ​နောက် တခါ ဒီအမှုနဲ့​ပဲ ပြန်ပြီး​ တရား​စွဲအပြစ်​ပေး​တာဟာ အမှုတစ်ခုကို နှစ်ခါအပြစ်​ပေး​ခံရတာဖြစ်လို့​ တရား​မျှတမှုမရှိဘူး​လို့​ ဥပ​ဒေ အကျိုး​ဆောင် ဦး​အောင်သိန်း​ကလည်း​ ဒီဗွီဘီကို ​ပြောပါတယ်။
“ကျ​နော်တို့​ က သူ့​ကို ဘာသာ​ရေး​ ယုံကြည်ချက် အကျဉ်း​သား​လို ဖြစ်​နေတာ အမှန်ပဲ။ ဗုဒ္ဓဘာသာက သူ့​ဘာသာသူ လမ်း​ခွဲထွက်ပြီး​တော့​ အပြာဝတ်ပြီး​ ရပ်တည်​နေတဲ့​သ​ဘော​ပေါ့​။ သူ့​အစီအစဉ်က တမျိုး​ပေါ့​။ ကျ​နော် သူ့​အစီအစဉ်ကို မ​ပြောလိုဘူး​။ ကျ​နော် ​ပြောတာက ဥပ​ဒေဆိုင်ရာကိစ္စကို ​ပြောတာပါ။ ဥပ​ဒေက ချပြီး​သား​ အမှု​တွေကို ထပ်ပြီး​ချတယ်ဗျာ။ ”
မိုး​ပြာ​ ရောင်ဂိုဏ်း​ဝင် ဦး​ဉာဏရဲ့​ တပည့်​သာဝက​တွေကလည်း​ သမ္မတဦး​သိန်း​စိန်နဲ့​ အမျိုး​သား​ လူအခွင့်​အ​ရေး​ကော်မရှင်ဆီကို စာတင် အ​ကြောင်း​ကြား​ထား​တယ်လို့​လည်း​ ​ပြောပါတယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1