Thursday, March 22, 2012

ပုသိမ်သူရှပ်ပြေးယာဉ်မှောက်မှု သေဆုံးသူထပ်တိုးလာ

Ever November | 3/22/2012 06:10:00 PM | Best Blogger Tips
ဧရာဝတီတိုင်း ပုသိမ်မြို့နဲ့ ငပုတော မြို့နယ်အတွင်းက အမြန်ရေယာဉ် မတော်တဆ တိမ်းမှောက်မှုကြောင့် ခရီးသည်(၁၀) ယောက် သေဆုံးသွားတယ်လို့ ဒီနေ့ထုတ်အစိုးရပိုင်သတင်းစာတွေမှာသတင်းထုတ်ပြန်
လိုက်ပါတယ်။

ရေယာဉ်မှောက်မှုမှာ ခရီးသည် ၆ ယောက်ကို ဆေးရုံပို့လိုက်ရပြီး ခရီးသည် ၇၂ ယောက်နဲ့ ရေယာဉ်အမှုထမ်း ၃ ယောက်ကို ကယ်တင်နိုင်လိုက်တယ် လို့ သတင်းက ဆိုပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၄ ယောက် ပါတယ် လို့ ငပုတော ဆေးရုံ က ပြောပါတယ်။
ဧရာဝတီတိုင်း ပုသိမ်- ငပုတော- သရက်တော ကို ပြေးဆွဲတဲ့ ပုသိပ်သူ ရှပ်ပြေးရေယာဉ်ဟာ မတ် ၂၀ ရက် နေ့ မွန်းလွဲပိုင်းက  ပုသိမ် ကနေ ထွက်ခွာလာရာမှာ  ငပုတော မြို့နယ်က ကံဆိပ် ကျေးရွာကို ဆိုက်ကပ်ခါနီး င၀န်မြစ်တွင်း  တိမ်းမှောက်သွားတာဖြစ်ပါတယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1