Thursday, March 22, 2012

 ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်

Ever November | 3/22/2012 09:39:00 AM | Best Blogger Tips
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ခုနှစ် (၂၇) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၃ ခု နှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ငွေဆောင်တို့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေးတွင် အတည်ပြု ထုတ်ပြန်သွား မည်ဖြစ်သည်။ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအတွက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ်အစည်းအဝေးကို လာမည့် ၂၀၁၂ ခုနှစ် ဇွန်လ ပထမပတ်တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် ပြိုင်ပွဲကျင်းပမည့် ရက်များ၊ နေရာများနှင့် ပြိုင်ပွဲအမျိုးအစားတို့ကို အတည်ပြု ထုတ်ပြန်သွားမည် ဖြစ်သည်။
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပရန်အတွက် ဇဗ္မူသီရိ ဘောလုံးကွင်းနှင့် အားကစားရုံများ၊ ဇေယျာသီရိ ဘောလုံးကွင်းနှင့် အားကစားရုံတို့ကို နေပြည်တော်၌ တည်ဆောက်လျက်ရှိပြီး ၇၀ ရာ ခိုင်နှုန်း တည်ဆောက်ပြီး စီးနေပြီဖြစ်ကြောင်း သိရသည်။ ထို့ပြင် မန္တလေးမြို့၌လည်း နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းတစ်ကွင်းကို တည်ဆောက်လျက်ရှိပြီး ဆီးဂိမ်းပြိုင်ပွဲအတွက် တည်ဆောက်လျက်ရှိသည့် အားကစားရုံနှင့် ကွင်းများကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၃၂ မျိုးထည့်သွင်း ကျင်းပရန် စီစဉ်ထားပြီး အမျိုးသား ဘောလုံးပြိုင်ပွဲကို နေပြည်တော်နှင့် မန္တလေးမြို့တွင် ကျင်းပရန် စီစဉ်ထားသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် ဖူဆယ်ပြိုင်ပွဲတို့ အပါအ၀င် အားကစားနည်း ခြောက်မျိုးကို ရန်ကုန်မြို့၌ ကျင်းပရန် စီစဉ်ထားပြီး အမျိုးသား ဘောလုံးပြိုင်ပွဲ အချို့ကိုလည်း ရန်ကုန်မြို့တွင် ကျင်းပရန် ဆီးဂိမ်း ပြိုင်ပွဲကျင်းပရေး ကော်မတီက စဉ်းစားလျက်ရှိကြောင်း သိရသည်။  ငွေဆောင်ကမ်းခြေတွင်မူ ရွက်လှေပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။
ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားပြီး ခမ်းနားစွာ ကျင်းပနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနားတို့ကို ဇဗ္မူသီရိ ဘောလုံးကွင်းတွင် ကျင်းပသွား မည်ဖြစ်ပြီး နိုင်ငံအလိုက် အဆင့်ရပ်တည်မှုတွင် အဆင့်(၁)မှ (၃)အတွင်း ၀င်ရောက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်သည်။ သို့သော် အောင်မြင်မှုရရှိရန်အတွက် မွေးစားနိုင်ငံသားများကို အသုံးပြုသွားမည်မဟုတ် ကြောင်း နေပြည်တော် ဆီးဂိမ်းကျင်းပရေး တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားထားသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1