Thursday, March 22, 2012

 မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေအရ နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေကို ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့် အညီ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်နှင့် သုံးစွဲခွင့်ရရှိမည်

Ever November | 3/22/2012 10:12:00 AM | Best Blogger Tips
မကြာမီ ပြဋ္ဌာန်းတော့မည့် နိုင်ငံခြားသုံးငွေဆိုင်ရာဥပဒေအရအဆိုပါဥပဒေနှင့်သက်ဆိုင်သူများသည်
 နိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်များနှင့်အညီ
လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်နှင့် သုံးစွဲခွင့်ရမည်ဖြစ်ကြောင်း ဥပဒေကြမ်းတွင် ထည့်သွင်း ဖော်ပြချက်များနှင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိပါသည်။
“ဥပဒေအရနိုင်ငံခြားငွေ သုံးစွဲရာမှာ နိုင်ငံတော်အတွင်း ဆောင်ရွက်မှုဆိုရင် တရားဝင် ငွေပေးချေမှုဖြစ်ဖို့ အတွက် ဗဟိုဘဏ်က သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ သက်ဆိုင်ရာ နိုင်ငံခြားငွေကို ဗဟိုဘဏ်မှာဖြစ် ဖြစ်၊ လုပ်ငန်းလိုင်စင်ရရှိသူတွေမှာ ဖြစ်ဖြစ် မြန်မာကျပ်ငွေနဲ့လဲလှယ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဥပဒေ နဲ့သက်ဆိုင်သူတွေ အနေနဲ့ ပြည်ပကို ထွက်ခွာတာဖြစ်ဖြစ်၊ ပြည်ပကနေ ပြည်တွင်း ၀င်လာတာဖြစ်ဖြစ် ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြား သုံးငွေပမာဏအထိ ယူဆောင်ခွင့်ရှိပြီး ပိုယူချင်ရင် သတ်မှတ်တဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ရမှာပါ။ သက်ဆိုင်သူတိုင်း ဗဟိုဘဏ်ရဲ့သတ်မှတ်မှုနဲ့ အညီ ပြည်တွင်း ပြည်ပဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်နဲ့ ငွေစာရင်းဖွင့်လှစ်သူတွေ အနေနဲ့  မိမိပိုင် နိုင်ငံခြားငွေကို အခွန်ဆောင်ပြီးတာနဲ့ လွတ်လပ်စွာ သုံးစွဲခွင့်ရှိမှာဖြစ်ပါတယ်”ဟု ဘဏ်လုပ်ငန်းနှင့် ငွေရေး ကြေးရေး ပညာရှင်တစ်ဦးက ပြောကြားပါသည်။
အဆိုပါဥပဒေကြမ်းနှင့် သက်ဆိုင်သူများမှာ နိုင်ငံတော်တွင် နေထိုင်သူများနှင့် နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိသူများ၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောဌာန၊ အဖွဲ့အစည်းများ၊ နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိသော်လည်း နိုင်ငံတော် အတွင်း နိုင်ငံခြားသုံးငွေဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများကို တရားဝင် လုပ်ကိုင်ဆောင်ရွက်သော နိုင်ငံခြားသားများနှင့် ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများဖြစ်သည်။
“နိုင်ငံခြားသုံးငွေဆိုတာမှာ နိုင်ငံခြားသုံး ငွေဒင်္ဂါး၊ ငွေစက္ကူ၊ နိုင်ငံတကာ အစိုးရ ငွေရေးကြေးရေး အဖွဲ့အစည်းတွေ၊ နိုင်ငံခြားရှိဘဏ် တွေ၊ ငွေတိုက်တွေနဲ့ ကူးသန်း ရောင်းဝယ်ရေးဘဏ်တွေမှာ ထားရှိသော အပ်ငွေတွေ၊ နိုင်ငံခြားအစိုးရတွေ၊ နိုင်ငံခြား ငွေရေးကြေးရေး အဖွဲ့အစည်းတွေ နဲ့ နိုင်ငံတကာ အစိုးရငွေရေးကြေးရေး  အဖွဲ့အစည်းတွေက ထုတ်ဝေထားတဲ့၊ အာမခံထားတဲ့ နိုင်ငံခြားငွေဖြင့် ဖော်ပြထားတဲ့ ငွေချေးသက်သေခံ လက်မှတ်တွေနဲ့ စာချုပ်စာတမ်းတွေ၊ တစ် နိုင်ငံမှ် တစ်နိုင်ငံကို ငွေလွှဲပြောင်းရာ မှာ သုံးတဲ့စာချုပ်စာတမ်းတွေ ပါဝင်ပါတယ်”ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ဝင်တစ်ဦး က ဆိုပါသည်။
အဆိုပါ ဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးပါက နိုင်ငံခြားသုံးငွေဆိုင်ရာ လုပ်ငန်းများကို ဗဟိုဘဏ်က အဓိက တာဝန်ယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသုံး ငွေလဲလှယ်မှုနှုန်းမူဝါဒကို အကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံခြားသုံးငွေဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ခြင်း၊ ဥပဒေနှင့် သက်ဆိုင်သူများ သုံးစွဲခွင့် ပြုနိုင်သော နိုင်ငံခြားသုံးငွေပမာဏ ကိုသတ်မှတ်ခြင်း၊ နိုင်ငံခြားသုံးငွေများနှင့် စပ်လျဉ်း၍ ငွေလဲလှယ်နှုန်း အားသတ်မှတ်ခြင်း အပါအ၀င် ဥပဒေအရတရားစွဲဆိုရန် ခွင့်ပြုမိန့်ထုတ်ပေးခြင်းလုပ်ငန်းများ ပါဝင်သည်။
အဆိုပါဥပဒေကြမ်းနှင့် သက်ဆိုင်သူများဖြစ်သော နိုင်ငံတော်တွင် နေထိုင်သူများမှာ သံရုံးဝန်ထမ်းနှင့် နိုင်ငံခြားအရပ်ဘက်ဆိုင်ရာ ၀န်ထမ်းများမှအပ မည်သည့် နိုင်ငံသားမဆို နိုင်ငံတော်တွင် ၄င်းတို့၏ အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းများရှိပြီး နိုင်ငံတော်တွင် ရက်ပေါင်း ၁၈၃ရက်ထက်ပို၍နေထိုင်သူများ၊ နိုင်ငံတော်အတွင်းရှိ တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ နိုင်ငံတော်တွင် တရားဝင် ဖွဲ့စည်းထားသော ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ရုံးများနှင့် ယင်းတို့၏ ရုံးခွဲများ၊ နိုင်ငံခြားတိုင်းပြည်က နိုင်ငံတော်တွင် တာဝန်ပေး ခန့်အပ်ထားသော ၀န်ထမ်းများဖြစ်ပြီး နိုင်ငံတော်တွင် နေထိုင်ခြင်း မရှိသူဆိုသည်မှာ အထက် ဖော်ပြပါ ပြဋ္ဌာန်းချက်တွင် အကျုံးဝင်ခြင်း မရှိသူများကို ဆိုလိုကြောင်း ဥပဒေကြမ်းအရ သိရပါသည်။ ယင်းဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် က သဘောတူညီပါက အတည်ပြုပြဋ္ဌာန်းမည်ဖြစ်ပြီး ၁၉၄၇ခုနှစ်က ပြဋ္ဌာန်းခဲ့သော The Foreign Exchange Regulation Art ကို ရုပ်သိမ်းသွားမည် ဖြစ်သည်။
ဗဟိုဘဏ်အနေဖြင့် လာမည့် ဧပြီလ ၁ ရက်နေ့တွင် ငွေလဲနှုန်း တစ်မျိုးတည်း ပေါင်းစည်းခြင်း လုပ်ငန်း နှင့် နှုန်းရှင်ထားရှိမည်ဟု ထုတ်ပြန်ထားသည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1