Wednesday, March 21, 2012

ပဲခူး​တိုင်း​မှာ ​ရွေး​ကောက်ပွဲဆိုင်ရာ ပြဿနာ​တွေ ​ပေါ်​ပေါက်

Ever November | 3/21/2012 01:45:00 PM | Best Blogger Tips
ကြား​ဖြတ်​ ရွေး​ကောက်ပွဲကျင်း​ပဖို့​ ရက်ပိုင်း​လောက်ပဲ လို​တော့​တဲ့​အချိန်မှာ ပဲခူး​တိုင်း​ က၀မြို့နယ်အတွင်း​က ​ကျေး​ရွာ​တွေမှာ မဲစာရင်း​ကွာဟမှု​တွေရှိ​နေတယ်လို့​ အဲဒီ မဲဆန္ဒနယ် အမှတ် ၂ တိုင်း​ဒေသကြီး​ လွှတ်​တော်​နေရာအတွက် ဝင်ပြိုင်မယ့်​ အန်အယ်လ်ဒီပါတီ လွှတ်​တော် ကိုယ်စားလှယ်လောင်း​ ဦး​မျိုး​ခိုင်က ​ပြောပါတယ်။
“မဲစာရင်း​တွေ ကွာဟချက်​ပေါ့​။ ဘာ​တွေ​တွေ့​ရလည်း​ဆို​တော့​ ထပ်​နေတာ​တွေလည်း​ ​တွေ့​ရတယ်။ မပါတာ ​တွေလည်း​ ​တွေ့​ရတယ်။ ၁၈ နှစ်ပြည့်​ပြီး​ မဲ​ပေး​နိုင်တဲ့​သူ မဲစာရင်း​ထဲ မပါဘူး​။ အဲဒါ​တွေကို ​ကော် မရှင်နဲ့​တွေ့​ပြီး​ ​တော့​ မပါတဲ့​သူ​တွေကို ရပ်/​ကျေး​ကော်မရှင်​တွေမှာ ပြန်သွင်း​ခိုင်း​တယ်။ တချို့​ဆို အ​ယောက် ၃၀၊​ ၄၀ ​လောက်ထိ မပါတာ​တွေ့​ရတယ်။ တချို့​ဆို ၂၀ ​လောက်​ပေါ့​။ ၄ – ၅ – ၁၀ ​ယောက်က​တော့​ ရွာ တိုင်း​နီး​ပါး​ပဲ ကွာတယ်။ မဲရုံ​ပေါင်း​ ၈၅ ခု၊​ ရပ်/​ကျေး​မဲရုံမှူး​တွေ ​အောင်နိုင်​ရေး​ အဖွဲ့​တွေကို ချ​ပေး​ပြီး​ စိစစ်ခိုင်း​ပြီး​ ရပ်/​ကျေး​ ​ကော်မရှင်မှာ ၁၈ နှစ်ပြည့်​ပြီး​ မပါတဲ့​စာရင်း​ကို ထပ်တိုး​ခိုင်း​ထား​တယ်။” လို့​ပြောပါတယ်။
ကျေး​ ရွာတချို့​မှာ အခုလို မဲစာရင်း​ကွာဟမှု​တွေရှိ​နေလို့​ မြို့​နယ် ​ကော်မရှင်ထံကို တင်ပြ​နေချိန်မှာပဲ၊​ ပြည်ခိုင်ဖြိုး​ပါတီဝင်လို့​ဆိုပြီး​ အန်အယ်လ်ဒီပါတီဝင်တချို့​ကို ခြိမ်း​ခြောက်တာ​တွေလည် ​အောက်​ခြေမှာ ဖြစ်​နေ တယ်လို့​ ကဝမြို့​နယ် ခနာ​ကျေး​ရွာက ပါတီဝင်​တွေက ​ပြောပါတယ်။
ပြည်ခိုင်ဖြိုး ​ ပါတီဝတ်စုံဝတ်ထား​တဲ့​ တရွာတည်း​သား​ ကို​အောင်​ကျော်ဦး​ဟာ အန်အယ်လ်ဒီပါတီ ဝင်​တွေကို ခြိမ်း​ခြောက် ​နေတဲ့​အပြင်၊​ ညဘက်အစည်း​အ​ဝေး​ လုပ်​နေတုန်း​မှာလည်း​ ​လေး​ခွနဲ့​ ပစ်ခတ်သွား​ တယ်လို့​ ခနာရွာက အဖွဲ့​ချုပ်ဝင် ဦး​တင်ထူး​က ​ပြောပါတယ်။
“ကျ​နော်တို့​ ရွာမှာ ပြည်ခိုင်ဖြိုး​က အမည်တပ်ထား​တဲ့​ ဝတ်စုံ​တွေဝတ်ပြီး​တော့​ ကျ​နော်တို့​ အန်အယ်လ်ဒီပါတီကို ဒီရုံး​ကို ဖျက်ဆီး​ပစ်မယ်၊​ သူ့​ကို ဘာ​ကောင်မှတ်​နေလဲ၊​ သူက ပြည်ခိုင်ဖြိုး​ဆိုပြီး​ ပြည်ခိုင်ဖြိုး​ အဝတ်အစား​တွေ ဝတ်ထား​ပြီး​ အန်အယ်လ်ဒီပါတီက ဘာအရာ​ရောက်မှာလဲ၊​ ဘာ ​ကောင်မို့​လည်း​ပေါ့​ ပုံစံမျိုး​နဲ့​ ကြိမ်း​ဝါး​တယ်။ ရွာထဲမှာလည်း​ တအိမ်တက် တအိမ်ဆင်း​နဲ့​ သူ​လျှောက် ​ပြောသွား​ ယ်။ ကို​ဌေး​ကိုလည်း​ ဝတ်စုံ​တွေဝတ်ပြီး​တော့​ ဓါး​နဲ့​ထိုး​သတ်လို့​ရတယ်။ ​နေ့​လည်မှာကြိမ်း​မောင်း​ပြီး​ ညဖက်မှာ ​လေး​ဂွနဲ့​လာပစ်သွား​တယ်။”
ခုလို ပြည်ခိုင်ဖြိုး​ပါတီဝင်က အန်အယ်လ်ဒီပါတီဝင်​တွေ ခြိမ်း​ခြောက်ခံ​နေရတာကို ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​ကလည်း​ ကြား​က ​ဖြေရှင်း​မ​ပေး​ရဲတာ​ကြောင့်​ ကဝမြို့​နယ် အုပ်ချုပ်​ရေး​မှူး​ကို တိုင်ကြား​ထား​ တယ်လို့​ သိရပါတယ်။
တိုင်း​ ဒေသကြီး​လွှတ်​တော် ကဝမြို့​နယ် မဲဆန္ဒနယ်အမှတ် (၂)မှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ကိုယ်စား​လှယ်​လောင်း​ ဦး​မျိုး​ခိုင်နဲ့​ ပြည်​ထောင်စုကြံ့​ခိုင်​ရေး​နှင့်​ ဖွံ့​ဖြိုး​ရေး​ပါတီက ကိုယ်စား​လှယ်​လောင်း​ ဦး​အေး​ဝင်း​တို့​ အဓိက ယှဉ်ပြိုင်ရမှာပါ။
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဗဟိုက​တော့​ စစ်ကိုင်း​တိုင်း​၊​ တနင်္သာရီတိုင်း​၊​ မန္တ​လေး​တိုင်း​အတွင်း​မှာ ​ရွေး​ကောက်ပွဲ မသမာမှု​တွေကို မဲစာရင်း​ကွာဟမှု​တွေ ကျယ်ကျယ်ပြန့်​ပြန့်​ရှိ​နေတယ်လို့​ သတင်း​ ထုတ်ပြန်ထား​ပါတယ်။
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1