Wednesday, March 21, 2012

စုပေါင်းရုံးအတွင်းရှိ တရားရုံး၊ ဥပဒေရုံးများ မတ်လမကုန်မီ ပြောင်းရွှေ့ပေးရမည်ဟု သိရ

Ever November | 3/21/2012 01:26:00 PM | Best Blogger Tips
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် စုပေါင်းရုံးအတွင်းရှိ တရားရုံး၊ ဥပဒေရုံးများအား မတ်လမကုန်မီ ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း သိရှိရသည်။
''ဒီရုံးကြီးထဲက မြို့နယ် တရားရုံးတွေ၊ ဥပဒေရုံးတွေကို မတ်လမကုန်မီ ပြောင်းရွှေ့ပေးရမယ်လို့ သိရတယ်။ တချို့ရုံးတွေက သက်ဆိုင်ရာ မြို့နယ်တွေမှာ ရုံးဖွင့်ကြတယ်။ ဥပမာ လသာမြို့နယ်နဲ့ ဒဂုံမြို့နယ်ရုံးတွေကိုတော့ ဒဂုံမြို့နယ်ထဲကို ပြန်ပြောင်းကြတယ်လို့ သိရပါတယ်''ဟု လည်း မြို့နယ်ဥပဒေရုံးတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အလားတူ အထက်တန်းရှေ့နေများ၏ လိုင်စင် ထုတ်ပေးမှုများကိုလည်း သက်ဆိုင်ရာ ခရိုင်ရုံးများတွင် သာထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်၊၊ အထက်တန်း ရှေ့နေတစ်ဦးက ''အရှေ့ပိုင်းခရိုင်ရုံးက သင်္ဃန်းကျွန်းမြို့နယ် ဝေဘူလရပ်ကွက်ကို ပြောင်းရတယ်၊၊ အနောက်ပိုင်းခရိုင်က ကလေးသူငယ် တရားရုံး အပေါ်ထပ်ကို ပြောင်းရတယ်၊၊ တချို့ရုံးတွေကတော့ ပြောင်းကုန်ကြပြီ''ဟု ပြောကြားခဲ့သည်။
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1