Wednesday, March 21, 2012

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာတစ်ဦး၏ ပေးစာ

Ever November | 3/21/2012 02:01:00 PM | Best Blogger Tips
 
 ကျနော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်..ကျနော်တို့ဝန်ကြီးဦးခင်မောင်မြင့်
ဟာအလွန်တရာပဲစိတ်ဓါတ်ဆိုးရွားပါတယ်.သူ့မိန်းမဆိုလည်းအရမ်းကို အောက်တန်းကျပါတယ်.ဝန်ကြီးဟာ အများအမြင်မှာ အရမ်းသဘောကောင်းဟန်ဆောင် တတ်ပါတယ်.. ဘယ်သူပဲ အလုပ်လာတောင်းတောင်း လက်မှတ် ထိုးပေးပါတယ်.. ဒါပေမယ့် ဒီလက်မှတ်နဲ့ ဘယ်သူ့ကိုမှ အလုပ်ပေးလို့ မရပါဘူး. သူ့လက်မှတ်က မှင်ရောင်အမျိုးမျိုးနဲ့လာပါတယ်သူသတ်မှတ်ထားသောအရာင်မှလွဲပြီးတခြားအရောင်တွေဆိုလုံးဝမပေးခိုင်းပါ
ဘူး..ဘယ်လူကြီးသားသမီးပဲဖြစ်ဖြစ်သူကမပေးခိုင်းပါဘူး...ကျနော်တို့ ဆောက်လုပ်ေ၇းက လုပ်ငန်းတွေလည်း သူတို့မိသားစုများသာ လုပ်ကိုင်ခွင့်ရှိတယ်... ဘိလပ်မြေဖျော်စက်ဆိုလည်း သူ့ မိန်းမက တစ်လုံး. သူ့သမီးက တစ်လုံး.. သူ့သားက တစ်လုံး.. သူတို့ပဲလုပ်စားနေပါတယ်... ကျောက်သွင်းတာလည်း သူတို့ပဲ သွင်းကြတယ်. ဈေးနှုန်းကိုလည်း အကယ်လို့ ကျင်းတစ်ရာသွင်း ရင် ကျင်းနှစ်ရာဖိုး စာရင်း တင်ခိုင်းပါတယ်.  ဖျော်စက်ဆိုလည်း နှစ်ဆဆီ တင်ခိုင်းပါတယ်.. မြေကြီးလုပ်ငန်းအားလုံးကို သူ့မိန်းမ နှင့်သူ့ သမီးကပဲ  ချုပ်ကိုင် ထားကြပါတယ်... သူတို့ပဲ လုပ်နေကြတယ်..           
          သူက လူကြီးတွေကို သူ့ရာထူးမြဲအောင်.. ဘယ်သူ့မှ မကိုက်သော ဈေးနှုန်းနှင့် တင်ပြပီး အတင်းလုပ်ခိုင်းပါတယ်.. သူက တော့ နှစ်ဆရတော့ ဘယ်ဈေးပဲ ဖြစ်ဖြစ် ကိုက်ပါတယ်...  လုပ်ငန်းရှင်တွေနဲ့ ကျနော်တို့ ဆောက်လုပ်ရေးဝန်ထမ်းတွေက တော့ ဒီဈေးနှုန်းကို မကိုက်လို့ အိမ်ပေါင် ကားပေါင်.. အိမ်ရောင်းကား ရောင်းနဲ့ ဖြစ်နေတဲ့ အချိန်မှာ သူဟာတော့ တစ်လ တစ်လကို သိန်း သောင်းနဲ့ ချီပီး ရနေပါတယ်.  သူက ပြောရင် လူကြီးတွေ အိမ်စရိတ်ကို ရှာပေးရတယ်လို့ ပြောပါတယ်.. လူကြီးတွေရဲ့ အိမ်စရိတ်ရဖို့ ကျန်သော သူများက အိမ်ပေါင် ကားပေါင်ဖြစ်နေရပါတယ်... လုပ်ငန်းတွေ အားလုံးကို သူ တစ်ယောက်ပဲ အာဏာကိုင်ပီး သူ့ကို ကန်တော့မှ သာ အလုပ်ရတယ်. ဒုဝန်ကြီး တွေ နဲ့ ကျန်တဲ့ သူများက လုံးဝ အာဏာမရှိပါဘူး.. အားလုံးကို အကြောက်တရားနဲ့ အုပ်ချုပ်ထားပါတယ်.. သူ့ကို ကလန်ကဆန်လုပ်တဲ့ သူတွေကို ဖြုတ်ရင် ဖြုတ်. မဖြုတ်ရင်  ချောင်ထိုး ပစ်ပါတယ်. သူ့ကို ကန်တော့မှသာ အလုပ် ရပါတယ်.. ကန်တော့ ပါကလည်း အနည်းဆုံး သိန်းကို ထောင်ချီ ကန်တော့ ရပါတယ်. 
   ရွှေတောင်Companyအပါ အဝင် Comကြီး လေးခု  ဟာ သူ့  ကို သိန်းကို သောင်းနဲ့ ချီ ကန်တော့ပါတယ်.. ဒါကြောင့် အဲ့ Company တွေကို ပဲ အလုပ်ပေးပါတယ်.. အားလုံး က သူ့ကို ဒူးတုန်အောင် ကြောက်အောင်ခြိမ်းခြောက်ပီး.... လုပ်ငန်းရှင် ကန်တော့ တဲ့ ပိုက်ဆံ အားလုံးကို သူ တစ်ဦးတည်း ပဲ ရအောင်  လုပ်ပါတယ်... အိုးအိမ်ဆိုလည်း သူ မရတဲ့ အတွက်  အရင် ညွန်ချုပ် လုပ်ခဲ့တဲ့ လုပ်ငန်းအကုန်လုံးကို ဖျက်ပစ်ပီး.. သူ့ကို လာကန်တောာ့ အောင် လုပ်ပါတယ်။
လူကြီးတွေရဲ့ အိမ်စရိတ်ကို ကျနော်တို့ ဆောက်လုပ်ရေးကပဲ ရှာပေးရတာလား............ တခြားငှာန တွေက မပေးကြဘူးလား......   တစ်လကို သိန်းကို သောင်းနဲ့  ချီတာတောင်မှ မလောက်ကြဘူးလား.........  ကျနော်တို့ ဘယ်ဆောက်လုပ်ရေးငှာနကိုပဲ ဖြစ်ဖြစ် လူကြီး တွေလာရင်  လူကြီးတွေ နာမ်နှိမ်တဲ့ ယတြာ တွေ လုပ်ခိုင်းပါတယ်. ......  ကျနော်တို့ ဆောက်လုပ်ရေးမှလည်း.တစ်နေ့တစ်ေ
န့သူလုပ်ခိုင်းတဲ့ ယတြာတွေက လည်း မရိုး နိုင်ပါဘူး.. ဝန်ထမ်းတွေ ဘယ်လောက် ကန်တော့ ကန်တော့... မတင်းတိမ်နိုင်ပါဘူး... သူ့မိန်းမ က အရမ်း အတောင်းအရမ်းကြမ်းပါတယ်.. သူ့သမီးကလည်း အရမ်း ရိုင်းပါတယ်... သူ့သားကလည်း တပ်ကသာပြောတာ. ဆောက်လုပ်ရေးလုပ်ငန်းတွေ ကုန်တော့ မယ် သူပဲ လုပ်နေတာ.. သူတို့ကတော့ ကိုက်တာတော့ စာရင်းတွေက လိမ်တင်သလောက် ရတာကိုး.... လူကြီးတွေဖားပီး ဈေးကို အရမ်းချတာ ကျနော်တို့ ဒုက္ခ ရောက်နေရပါတယ်...အောက်ခြေဝန်ထမ်းတွေ စားပေါက်က အစ သူတို့က ဝင်နှိုက်တာ သူ့အိမ်စရိတ်ရှာတာပဲတော်လို့လား.. . ယတြာပဲ စွမ်းလို့လား မသိဘူး.. ဘယ်လူကြီးမှ သူ့ကို အရေး မယူရဲ ကြဘူး.. မီဒီယာများလည်း ကျနော်တို့ ဆောက်လုပ်ရေးကို ဆင်းကြည့်ပီး လေ့လာကြပါဗျာ.
သမ္မတကြီးလည်း သူများ မျက်ရည်ကြီးငယ်ကျ မှ ရတဲ့ အိမ်စရိတ်ကို မယူလို့ မရဘူးလားဗျာ...... အိမ်စရိတ်ရနေလို့  ဝန်ကြီး လုပ်သမျှကို မသိဟန်ဆောင်နေတာလား.. ကျနော်တို့ဆောက်လုပ်ရေးဝန်ထမ်းေ
တွကိုလည်း သနားပါဗျာ...  သမ္မတကြီး ကို အသနားခံ တင်ပြပါတယ်...
 Myanmar News Now
.           

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1