Wednesday, March 21, 2012

NLD မဲဆွယ်နေသည့် နေရာကို ကြံ့ဖွံ့က ရှို့မီးနဲ့ ပွဲလန့်

Ever November | 3/21/2012 02:39:00 PM | Best Blogger Tips
လာမည့်ဧပြီလ၁ရက်နေ့မှာကျင်းပပြုလုပ်မည့်ကြားဖြတ် ရွေးကောက်ပွဲတွင်စစ်ကိုင်းတိုင်းဒေသကြီး၊
 ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ကျွန်းလှ၊

  ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ  အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်ရှိ နဂါးပေါ်ကျေးရွာသို့  မဲဆွယ်စည်းရုံးရေးဆင်းရာမှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လိုက်လံနှောင့်ယှက်ခဲ့သည်ဟု သတင်းရရှိပါသည်။

မတ်လ (၁၉) ရက်နေ့ ညနေ ၄း၀၀ နာရီအချိန်ခန့်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ  လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင် နှင့်အဖွဲ့ သည် နဂါးပေါ်ကျေးရွာမှ ရွာသူ၊ ရွာသားများအား စည်းရုံးရေး ဟောပြောပွဲ အပြီး ကျေးရွာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်တယောက်က ဟောပြောပွဲ ပြုလုပ်တဲ့နေအိမ်ရှိ ကောက်ရိုးပုံကို  မီးရှို့လိုက်ပြီး မီးလောင်နေပါတယ်ဟု အော်ကာ ပွဲလှန့်လိုက်သည့်အတွက် ရွာသူရွာသားများ မီးလောင်နေသည့် နေရာသို့ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါသည်။

နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးက အဆိုပါမီးလောင်မှုဟာ  NLD အဖွဲ့ဝင်တွေက ပစ်လိုက်သည့် ဆေးလိပ်မီးကြောင့် အခုလိုလောင်တာဖြစ်ပြီး အိမ်ရှင်ကို မီး ပေါ့ဆမှုနဲ့ ဒဏ်ရိုက်ရမည်ဟုပြောပါသည်။ တကယ် ကောက်ရိုးပုံကို မီးရှို့လိုက်သည့်လူကို ရပ်ရွာလူတွေက ဝိုင်းဖမ်းဆီးသည့်အခါမှာ အဆိုပါပုဂ္ဂိုလ်မှာ ကျေးရွာမီးသတ်တပ်ဖွဲ့ဝင်လဲဖြစ်  ကြံ့ခိုင်ရေးပါတီဝင် တဦးလည်း  ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူများက နဂါးပေါ်ကျေးရွာ အုပ်ချုပ်ရေးမှူးအား ဒါဟာ မဲဆွယ်စည်းရုံးမှု ဟောပြောပွဲပျက်အောင် တမင်တကာ ရှို့သည့်မီး ဖြစ်ခြင်းကြောင်း အဆိုပါ ကြံ့ခိုင်ရေးပါတီဝင်ကိုသာ ဖမ်းဆီးရမည် ဖြစ်ကြောင်း တောင်းဆိုသည့်အတွက် အဲဒီပုဂ္ဂိုလ်အား ဖမ်းဆိးလိုက်သော်လည်း  အချိန်အနည်းငယ်အတွင်း အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃) မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ မဲပေးခွင့်ရှိသည့် မဲစာရင်းများအတွင်း သေဆုံးပြီး လူနာမည်များ ပါဝင်နေခြင်း၊ အသက်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသည့် လူနာမည်များ  အများအပြား ကျန်ရစ်ခဲ့သည်ဟု NLD စည်းရုံးရေးအဖွဲ့ဝင် တဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

NLD စည်းရုံးရေးအဖွဲ့ဝင်တဦးက “ ကြံ့ခိုင်ရေးနှင့် ပြည့်ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ကျေးရွာက ပြည်သူတွေက သူတို့ရဲ့ ဟောပြောပွဲတက်ရောက်အောင် လိုက်လံတိုက်တွန်းနှိုးဆော်ခိုင်းတာမျိုး ၊ ဟောပြောပွဲ ကျင်းပမည့် နေရာကို စီစဉ်ခိုင်းတာမျိုး ကျနော်တို့ တွေ့နေရတယ်။ နောက်ပြီးတော့ ကျေးရွာတိုင်းမှာ ကြံ့ခိုင်ရေးက သတင်းပေး ဆိုတဲ့ ကတ်ပြားတွေ ထုတ်ပေးထားတာကို တွေ့ရတယ်။ သတင်းပေးတွေကပဲ ကျနော်တို့ စည်းရုံးရေး ဆင်းတဲ့အခါမှာ လိုက်လံ နှောက်ယှက်တာတွေ ကြုံတွေ့နေရတယ် လို့ ပြောကြားခဲ့ပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။
ဘားမားဗီဂျေ

1 comment:

Admin said...

ရေးစရာနေရာမရှိလို့ဒီမှာလာရေးသွားတယ်

Add a Gadget ကိုသွားလိုက်
lebel ကိုရှာပြီးကလစ်
Title နေရာမှ မိမိကြိုက်တာကိုထည့်
Display နေရာမှ list \cloud ကြိုတာထည့်

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1