Thursday, March 22, 2012

ကိုယ်စားလှယ်အားလုံး အနိုင်မရနိုင်ဟု အန်အယ်လ်ဒီ ပြောကြား

Ever November | 3/22/2012 06:49:00 PM | Best Blogger Tips

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့  မဲဆန္ဒနယ် အားလုံးမှာ အနိုင်မရနိုင်ပဲ ကိုယ်စားလှယ်ပေါင်း ၄၀ လောက် အနိုင်ရနိုင်တယ်လို့ ပါတီအောင်နိုင်ရေး မန်နေဂျာ ဦးဥာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။
ဦးဥာဏ်ဝင်းက “ပါတီအဖွဲ့အစည်းတရပ်ရဲ့ ထုံးစံပဲ။ ကျနော်တို့မှာလည်း အားနည်းတဲ့ နေရာတွေ ရှိတယ်။ အားနည်းတဲ့ နေရာတွေကိုလည်း ကျနော်တို့ အားတော့ ဖြည့်နေတယ်။ ကျနော်တို့ အသေအချာ နိုင်မယ်လို့ မပြောချင်လို့ အဲဒီလို ပြောတာပါ။ အားနည်းတဲ့ နေရာတွေ ရှိပါတယ်”လို့ ပြောပါတယ်။
ဒါ့ပြင် “ ကိုယ်စားလှယ်လောင်း ရွေးချယ် ကတည်းကိုက၊ ပုဂ္ဂိုလ်၊ ကျနော်တို့ မူတွေနဲ့ ကိုက်ညီတဲ့ဟာကို တင်မပေးနိုင်ဘူး။ အဲဒီတော့ ရက်တွေက နီးလာတဲ့အခါမှ နောက်ဆုံးမှ တင်ကြလို့ တင်လိုက်တယ်။ တင်ပြီးခါမှ တင်တဲ့လူတွေကပဲ သဘောမကျလို့ အဲဒီလိုဟာလေးတွေလည်း ရှိနေတာပေါ့။ အဲဒီလို နေရာတွေက အားနည်းတာ” လို့ ဦးဥာဏ်ဝင်းက ဆက်ပြီးပြောပါတယ်။
ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ် ကိုယ်စားလှယ်နေရာပေါင်း ၄၈ခုရှိပြီး၊ အန်အယ်လ်ဒီက ကိုယ်စားလှယ်လောင်း ၁ ဦးကို ကော်မရှင်က ပယ်ချခဲ့တာမို့ ၄၇ နေရာပဲ ယှဉ်ပြိုင် အရွေးခံ ရမှာဖြစ်ပါတယ်။ 
DVB

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1