Saturday, June 16, 2012

Big Bang အဖွဲ့၏ ပထမဆုံး ကမ္ဘာလှည့် ဖျော်ဖြေပွဲ စင်္ကာပူတွင် ယခုနှစ် အတွင်း ကျင်းပမည်

Ever November | 6/16/2012 03:33:00 PM | Best Blogger Tips
ကိုရီးယား ဟစ်ပ်ဟော့ပ် အဖွဲ့တစ်ခု ဖြစ်သည့် Big Bang ၏ ပထမဆုံး ကမ္ဘာလှည့် ဖျော်ဖြေပွဲ ဖြစ်သည့် BIGBANGAlivetour2012မှာစင်္ကာပူ နိုင်ငံတွင်လာမည့်စက်တင်ဘာလ၂၈ရက်၌ ဖျော်ဖြေသွားမည် ဖြစ်
ကြောင်း သတ်မှတ်ရက် ရရှိခဲ့ပြီ ဖြစ်သည်။ စင်္ကာပူရှိ ဖျော်ဖြေပွဲ စီစဉ်သူများ ဖြစ်သည့် Launch Entertainment, Lushington Entertainments နှင့်  Live Nation တို့မှာ ယခု သတင်းကို သောကြာနေ့က အတည်ပြု ပြောကြားခဲ့ပြီး စင်္ကာပူရှိ Singapore Indoor Stadium တွင် ကျင်းပမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

ယခုလို ဖျော်ဖြေပွဲမှာ Big Bang အဖွဲ့ အနေဖြင့် စင်္ကာပူ နိုင်ငံအတွင်း တစ်နှစ်ကြာ မဖျော်ဖြေခဲ့သည့် ကာလ အပြီးတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ ယခုလို ကမ္ဘာလှည့် ဖျော်ဖြေပွဲ မစတင်မီ အချိန်က Big Bang အဖွဲ့ ခေါင်းဆောင် G -Dragonမှ ပြောရာ၌ယခင်ကသူတို့ ပြုလုပ် ပြသခဲ့သည် ဖျော်ဖြေမှုများနှင့် တိုက်ရိုက် ဖျော်ဖြေပွဲများမှာ ကွာခြားနိုင်ကြောင်း သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြား သွားခဲ့သည်။
channelnewsasia.com

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1