Saturday, June 16, 2012

တစ်မိနစ်လျှင် ၁၀၀ ကျပ်ဖြင့် Call Center မှ နံပါတ်သစ်နှင့် ၀န်ဆောင်မှု ပေးမည်

Ever November | 6/16/2012 04:18:00 PM | Best Blogger Tips
လက်ရှိ ပြည်တွင်းမှာ သိလိုသမျှကို ဖြေကြား ပေးနေတဲ့ Call Center ဟာ အခုအခါ နံပါတ် အသစ်နဲ့ ၀န်ဆောင်မှု အသစ်တွေကို တစ်မိနစ် ၁၀၀ ကျပ်နဲ့ပြည့်ပြည့်စုံစုံ ဖြေကြား ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Call Center ရဲ့ ၀န်ဆောင်မှု အသစ် မိတ်ဆက်မှု ကိုတော့ ဇွန်လ ၁၅ ရက်နေ့က ဆာကူရာတာဝါမှာ ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒီ မိတ်ဆက်မှု အရ ၀န်ဆောင်မှု အသစ်မှာ ကဏ္ဍ ၄ ရပ် ပါဝင် မှာဖြစ်ပြီး အဲ့ဒီ ဖုန်းနံပါတ် မေးမြန်းသူ အားလုံးဟာ ဖုန်းဘီလ် အပြင် ၀န်ဆောင်ခ အဖြစ် တစ်မိနစ်ကို ၁၀၀ ကျပ် ထပ်မံ ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ၀န်ဆောင်မှု အသစ်အတွက် မေးမြန်း လိုရင်တော့ နံပါတ် ၁၈၇၅ ကိုခေါ်ဆိုပြီး မေးမြန်း နိုင်တာ ဖြစ်ပါတယ်။ အဆိုပါ နံပါတ်သစ် ကနေ မေးမြန်း နိုင်တဲ့ ကဏ္ဍတွေက ကျန်းမာရေး ၀န်ဆောင်မှုများ၊ ဟိုတယ် ၀န်ဆောင်မှုများ၊ အလုပ်အကိုင် ရှာဖွေပေးတဲ့ ၀န်ဆာင်မှုများနဲ့ ဗေဒင် ၀န်ဆောင်မှုများ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ၀န်ဆောင်မှု တွေကို Call Center မှ ၂၄ နာရီ ၀န်ဆောင်မှု ပေးသွား မှာဖြစ်ပြီး အလုပ်သမား အလိုရှိတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း မေးမြန်း နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြား ဖုန်းခေါ်ဆိုမှု ကိုလည်း အင်တာနက်ဆိုင် သွားစရာ မလိုဘဲ ရရှိနိုင်အောင် y-talk Calling စနစ်နဲ့ နည်းပညာ ပေါင်းစပ် ပြုလုပ်သွားဖို့ ရှိတာလည်း ဖြစ်ပါတယ်။ အခုလို ခေါ်ဆိုမှုတွေ အတွက် လာမယ့် ဇူလိုင်လ အတွင်း အကောင်အထည် ဖော်သွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1