အစ္စလာမ်ဘာသာခေါင်းဆောင်များနှင်
့အခြားဘာသာပေါင်းစုံအဖွဲမှခေါင်းဆောင်များ ခံယူခဲ့သည့် သြ၀ါဒကထာကထာအား ယခုနှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ဇွန်လ(၁၅)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင်အချပ်ပိုအဖြစ် ထည့်သွင်းဖော်ပြထားသည်။
ထို သြ၀ါဒကထာကထာအား ဇွန်လ(၁၅)ရက်နေ့ထုတ်
နိုင်ငံပိုင်သတင်းစာများတွင်အချပ်ပိုအဖြစ် ထည့်သွင်းထားကြောင်းကိုလည်း
မြန်မာ့အလင်းသတင်းစာတိုက်ကအတည်ပြုပြောဆိုခဲ့သည်။
ဇွန်လ(၁၂)ရက်နေ့က နိုင်ငံတော်သံဃမပာာမပာနာယကအဖွဲ့တွင်ဘာသာရေးခေါင်းဆောင်များက ဗန်းမော် ဆရာတော်ဘုရားကြီး၏သြ၀ါဒခံယူခဲ့ကြောင်းကိုလည်း အစ္စလမ်သာသနာရေးကောင်စီက သိရှိရသည်။
“ကျွန်တော်တိုမနေ့က နိုင်ငံတော်သံဃမပာာမပာနာယကက
ဆရာတော်ကြီးတွေဆီမှာရန်ကုန်မြို့ တည်ြငိမ်ရေးနဲ့ ပတ်သတ်ပြီး
ဆွေးနွေးခဲ့ပြီးသြ၀ါဒခံယူခဲ့ပါတယ်”ပာုအစ္စလမ်သာသနာရေးကောင်စီမှ တာဝန်ရှိသူ ဦးဝဏ္ဏရွှေကပြောသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သောပဋိပက္ခအမှုများနှင့်ပတ်သက်၍ကြောင်းကျိုးဆင်ခြင်ဥာဏ်ဖြင့် ဝေဖန်၍ မေတ္တာတရားဖြင့်ဖြေရှင်းသင့်သည်ဟုပါရှိသော သြ၀ါဒကထာအား နိုင်ငံတော်သံဃမပာာမပာနာယက အဖွဲ့တွင်ခံယူခဲ့ခြင်းဖြစ်သည်။
“မတော်တဆဖြစ်ပေါ်လာသော ပဋိပက္ခအမှုကို တန်ပြန်လက်စာချေလိုသည်သဘောဖြင့်မဖြေရှင်းဘဲအကြောင်းအကျိုး
အဆိုးအကောင်း ပညာဥာဏ်ဖြင့် ဝေဖန်ကာ မေတ္တာဖြင့်ဖြေရှင်းသွားမည်ဆိုပါက
အားလုံးငြိမ်းချမ်းပြေလည်ပြီး သုခချမ်းသာတရားများရရှိကြမည်” ပာု ဒေါက်တာ
ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော် ဆရာတော်ဘုရားကြီး၏မိန်ကြားမှုတွင် ပါဝင်သည်။
ထိုအပြင် ရန်ကုန်ရှိ ရခိုင်လူငယ်များကိုယ်စားပြုအဖွဲ့နှင့်
အစ္စလမ်ဘာသာဝင်မွတ်စလင်လူငယ်များ ကိုယ်စားပြုအဖွဲ့ တွေဆုံခဲ့ပြီး
ဘာသာရေးအထိကရုန်းများဆက်လက်မဖြစ်ပေါ်စေရန် ဇွန်လ(၁၂) ရက်နေ့က ဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဆွေနွေးမှုများနှင့်အညီ ယနေရန်ကုန်၌ထွက်ပေါ်နေသော ကောလပာာလများမဖြစ်ပေါ်စေရန် တစ်ဖက်နှင့်တစ်ဖက်အချင်ချင်းထိန်းညှိသွားကြမည်ဖြစ်ကြောင်းစုံစမ်းသိရသည်။
“ကျွန်တော်တို့ မွတ်စလင်လူငယ်တွေနဲ့ ရခိုင်လူငယ်တွေ ပူပေါင်းပြီးအဓိကရုဏ်းတွေ ဆက်မဖြစ် အောင် ကာကွယ်သွားမှာပါ”ပာုဆွေးနွေးမှုတွင်ပါဝင်ခဲ့သော မွတ်စလင်လူငယ်တစ်ဦးကပြောသည်။
ထိုသို့ဆွေးနွေးခဲ့ပြီးနောက် ဇွန်လ(၁၃)ရက်နေယနေ့ တွင်အစ္စလမ်ဘာသာဘုရားကြောင်း(ဗလီ)များ၌ ဘုရားဝတ်ပြုချိန်များအားအချိန်လျှောပေါ့၍ ပြုလုပ်ခဲ့ပြီး အချိုနေရာများ၌အုတ်စုခွဲဝတ်ပြုခဲ့ကြောင်းကို လည်း အစ္စလာမ်ဘာသာဝင်များထံက သိရသည်။
စောဇင်ညီ(မြစ်မခ)
No comments:
Post a Comment