Saturday, June 16, 2012

မအူကုန်းရပ်ကွက်သားများ စိုးရိမ်ထိတ်လန့်ခဲ့သော ဇွန်(၁၅)ရက်

Ever November | 6/16/2012 03:19:00 PM | Best Blogger Tips
တာမွေမြို့နယ် မအူကုန်းရပ်ကွက်တွင် ဇွန်လ(၁၅)ရက်နေ့က အစ္စလာမ်ဘာသာဝင်များ၏ဗလီများ၊ သာသနာ ရေး အဆောက်အဦးများ၊ ဆိုင်ခန်းများ၊ နေအိမ်များကိုလူစုလူဝေးဖြင့် ဖျက်ဆီးမည်ဟု သတင်းများထွက်ပေါ်ခဲ့ ခြင်းကြောင့်ရပ်ကွက်နေပြည်သူများမှာစိုးရိမ်ထိတ်လန့်ခဲ့သည်ဟုရပ်ကွက်အုပ်
ချုပ်ရေးမှူးကဆိုသည်
 
“ကျွန်တော်တို့ ရပ်ကွက်မှာစာတွေဝေပေမယ့် ရပ်ကွက်ထဲမှာမဖြစ်အောင်တော့ကျွန်တော်တို့ ဘာသာအသီးသီး က  သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်တွေကိုပြောထားပါတယ်။ ရပ်ကွက်ထဲမှာနေတဲ့ ရပ်ကွက်သူ၊ ရပ်ကွက်သားအချင်းချင်းကတော့မဖြစ်ဘူးဆိုတာကို အာမခံတယ်။” ဟု မအူကုန်းမြို့နယ်ရပ်ကွက်အုပ်ချုပ် ရေးမှူးက ပြောသည်။
 
မအူကုန်းရပ်ကွက်သူရပ်ကွက်သားအချင်ချင်းပဋိပက္ခမဖြစ်နိုင်ကြောင်းနှင့်အခြားရပ်ကွက်မှ ကျူးကျော်ရန် များအတွက်လည်း ကြိုတင်တားဆီးမှုများပြုလုပ်ထားကြောင်းကိုလည်း သိရှိရသည်။
 
“အပြင်ကဝင်လာပြီးဖြစ်မယ် ဆိုရင်တော့ မပြောတတ်ဘူးပေါ့။တကယ်လို့ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက် က လုံခြုံရေးအပြည့်ချထားတယ်။ဘာသာရေးဝတ်ပြုကျောင်းတွေမှာလည်း လုံခြုံရေး(၃)ဦးစီချထားပါတယ်။" ဟုမအူကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောသည်။
 
တာမွေမြို့နယ် မအူကုန်းရပ်ကွက်တွင် ဇွန်လ(၁၅)ရက်နေ့က အစ္စလာမ်ဘာသာဝင်များ၏ဗလီများ၊ သာသနာ ရေး အဆောက်အဦးများ၊ ဆိုင်ခန်းများ၊ နေအိမ်များကိုလူစုလူဝေးဖြင့် ဖျက်ဆီးမည်ဟု စာများဝေငှခံခဲ့ရကြောင်း မအူကုန်းရပ်ကွက်သားများက အတည်ပြုပြောဆိုသည်။
 
"ကျွန်တော်တို့ နေထိုင်နေတဲ့ရပ်ကွက်မှာ အစ္စလာမ်ဘာသာဝင်များတွေရဲ့ ဗလီတွေ၊သာသနာရေးကျောင်းတွေ ၊ဆိုင်ခန်းတွေ လူနေအိမ်တွေကို လူစုလူဝေးနဲ့(၁၅)ရက်နေ့ကျရင် လာဖျက်ဆီးမယ် ဆိုပြီးစာတွေ လိုက်ဝေသွား ပါတယ်။ကျွန်တော်တို့   ဒီလိုကြားရတဲ့အတွက်ကြောင့် အလွန်ဝမ်းနည်းထိတ်လန့်ခဲ့ရတယ်၊အစ္စလာမ်ဘာသာ ဝင်တွေရဲ့ အသက်၊အိုးအိမ်တွေဟာ မလုံခြုံတော့ဘူးလို့ ခဏတော့ခံစားရပါတယ်။" ဟု မအူကုန်းရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်တစ်ဦးက ပြောသည်။
 
ဇွန်လ(၁၅)ရက်နေ့တွင် တာမွေမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားပိတ်ခိုင်းထားခြင်းမရှိသော်လည်း မိဘများက စိတ်ပူသောကြောင့်ကျောင်းတတ်ခိုင်းခြင်း မရှိခဲ့ကြောင်းကိုလည်း မအူကုန်းသားတစ်ဦးကဆိုသည်။
 
"ဘာသာတရားဆိုတာ လူရိုင်းတွေကို လူလိမ်မာဖြစ်အောင်ပြုလုပ်ပေးခြင်းပဲဖြစ်ပါတယ်။ ဘယ်ဘာသာတရားမှာမဆိုလူသားချင်းကိုယ်ချင်းစာစိတ်မရှိအောင်သင်ပေးနေတဲ့ဘာသာတရားဆိုတာ
မရှိပါဘူး။ကျွန်တော်တို့ဘာသာတရားမှာဆိုရင်ဥပုသ်စောင့်ဖို့၊သည်းခံစိတ်ရှိဖို့၊လူသားချင်းစာနာဖို့ကိုအမြဲ
သင်ပေးထားပါတယ်။
အခုဖြစ်နေတာတွေက သည်းခံစိတ်မရှိခြင်း၊ လူသားချင်းစာနာစိတ်မရှိခြင်းတို့ကြောင့်ဖြစ်တယ်"ဟု ၄င်းကပြောသည်။
 
မအူကုန်းရပ်ကွက်အတွင်းတွင် လူ(၅)ဦးထက်ပို၍စုဝေးပါကရပ်ကွက်ရုံးသို့အချိန်မီအကြောင်းကြားရမည်ဟု သတင်းထုတ်ပြန်မှုများလည်း ရှိကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံမှ သိရှိရသည်။
 
ဇွန်လ(၁၅)ရက်နေ့ ညနေပိုင်းအထိ မအူကုန်းရပ်ကွက်အတွင်းတွင်ပြသာာနာတစုံတရာဖြစ်ပွားခဲ့ခြင်း မရှိကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါမအူကုန်းရပ်ကွက်တွင်အစ္စလာမ်ဘာသာကိုးကွယ်သူများအများအပြားနေထိုင်လျှက်ရှိကြောင်းသိရှိ
ရသည်။
ဝေယံမိုးဦး(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1