ယခုလို လိုက်ပါမည့် လေယာဉ်မှုး အဖြစ် အသက် ၃၄ နှစ် အရွယ်ရှိ Liu Yang
ဆိုသူ အာကာသ ယာဉ်မှုးကို ရွေးချယ်ထားကာ သူမ အနေဖြင့် နောက်ထပ် အမျိုသား
အာကာသ ယာဉ်မှုး နှစ်ဦးနှင့်အတူ စနေနေ့တွင် Shenzhou 9 အာကာသ ယာဉ်ဖြင့်
ကမ္ဘာအပြင်ဘက်သို့ ထွက်ခွာမည် ဖြစ်သည်။
တရုတ် အာကာသ အစီအစဉ် ပြောရေး ဆိုခွင့်ရှိသူ Wu Ping မှ ပြောရာ၌ စနေနေ့
ဂရင်းနစ် စံတော်ချိန် ၁၂ နာရီ ၃၇ စက္ကန့် တွင် အဆိုပါ ယာဉ်ကို လွတ်တင်မည်
ဖြစ်ပြီး ယာဉ်တွင် ပါဝင်သည့် အာကာသ ယာဉ်မှုးများမှ Tiangong ခေါ်
မော်ဂျူးကို အသုံးပြုပြီး အာကာသ အတွင်း တပ်ဆင်ကြမည် ဖြစ်သည်။ ယခု ခရီးစဉ်
အောင်မြင်ပါက တရုတ်နိုင်ငံ အနေဖြင့် အမြဲတစ်စေ ရှိနေသည့် ကိုယ်ပိုင် အာကာသ
စခန်းကို တည်ဆောက်နိုင်သည့် တတိယမြောက် နိုင်ငံတစ်ခု ဖြစ်လာမည် ဖြစ်သည်။
လက်ရှိတွင် အမေရိကန်နှင့်ရုရှား နှစ်နိုင်ငံထဲသာလျင် ယင်းသို့
လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။
presstv.ir
No comments:
Post a Comment