Sunday, June 24, 2012
တရားမ၀င်ပြည့် တန်ဆာ အိမ်များ ရပ်ကွက်နေ အမျိုးကောင်း သမီးများ အခက်ကြုံ
Ever November | 6/24/2012 09:13:00 AM | Best Blogger Tips
ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက်ရှိ ပြည့်တန်ဆာ လုပ်ငန်း 
လုပ်သည် အဆောက် အဦးပုံ
မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ (ဘ-၃)လူနေရပ်ကွက်များအတွင်း ထင်ထင်ပေါ်ပေါ်ဖွင့်စားနေသော တရားမ၀င်ပြည့်တန်ဆာအိမ်များ မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း ဒေသခံအချို့၏ ဆက်သွယ်သတင်းပေးချက်အရ စုံစမ်းသိရှိရသည်။
”သိပ်မကြာသေးဘူးဂျာနယ်တစ်စောင်ကဒီပြည့်တန်ဆာအိမ်တွေကြောင့်….ရပ်ကွက်ထဲကသမီးရှင်တွေ
 မြို့ ခံတဦး က Myanmar  News Now ကို ပြောပါသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဘ-၃)ရပ်ကွက်အတွင်းရှိ ပြည့်တန်ဆာဂေါင်း မြင့်သန်း နှင့်ဇနီးဖြစ်သူ တင်တင်အေးတို့မှတရားမ၀င်ပြည့်တန်ဆာအိမ်များဖွင့်လှစ်ထားသည်မှာ နှစ်ပေါင်း(၂၀)ခန့်ရှိပြီဖြစ်သော်
လည်း ယနေ့အချိန်ထိ ဥပဒေအရ အရေးယူဆောင်ရွက်မည့် အဖွဲ့အစည်းပေါ်ပေါက်ခြင်းမရှိဘဲ ၄င်းပြည့်တန်ဆာအိမ်မှ ငွေကြေးရယူပြီး ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအား မသိကျိုးကျွံပြုမှုနေသဖြင့်၎င်းပြည့်တန်ဆာလုပ်ငန်းမှာအတင့်ရဲစွာရပ်ကွက်အတွင်း ပေါ်ပေါ်ထင်ထင်
လုပ်ကိုင်ဆောင်ရွက် ဆဲဖြစ်ပါသည်။
 ညပိုင်းအချိန်များတွင်ကျန်စစ်သားလမ်းပေါ်တွင်၎င်းပြည့်တန်ဆာနေအိမ်သို့လာရောက်ပျော်ပါးသည့်သူ
များ၏ ဆိုင်ကယ်များဖြင့်ပိတ်ဆို့နေပြီး ရပ်ကွက်လူထု သွားလာမရဖြစ်နေကြောင်း ပြည့်တန်ဆာပွဲစားများ၊ ဆိုင်ကယ်ကယ်ရီသမားများမှာလည်း အဆိုပါပြည့်တန်ဆာအိမ်များအနီး၌ ရှိနေကြကြောင်း ဒီလိုမကောင်းတဲ့အိမ်တွေ ရပ်ကွက်ထဲထင်ထင်ပေါ်ပေါ်ကြီးလာဖွင့်ထားတာ ရွာအရမ်းနာတယ် ရပ်ကွက်ထဲကရိုးရိုးသားသားနဲ့ ဘ၀ကိုရုန်းကန်နေရတဲ့သမီးပျိုလေးတွေရော၊ ကျောင်းသူလေးတွေအတွက်
ပါ ဒီအိမ်တွေရဲ့ အကျိုးဆက်က အများကြီးသက်ရောက်မှုရှိတယ်လို့  မြို့ ခံက Myanmar  News Now ကို ဆက်လက်ပြောပြထားပါသည်။
ဒီရပ်ကွက်က မိန်းကလေးတွေဆိုသူတို့ ကိုယ်ကို ဒီရပ်ကွက်ကပါလို့ မပြောရဲကြတော့ဘူး။  ဒါကြောင့် ပြည်တန်ဆာအိမ်တွေကို အမြန်ဆုံးအရေးယူဖယ်ရှားပေးရန် ရပ်ကွက်ပြည်သူလူထုမှလိုလားလျက်ရှိပြီး သက်ဆိုင်ရာအနေဖြင့် ၄င်းပြည့်တန်ဆာနေအိမ်အား ထိရောက်သောအရေးယူဆောင်ရွက်မှုများအားပြုလုပ် ပေးပါရန် မြို့ ခံများက ပြောပြပါသည်။
  ပြည်ကြီးတံခွန် မြို့နယ် အတွင်း (ဘ-၃)လူနေ ရပ်ကွက် ပြည့်တန်ဆာဂေါင်း မြင့်သန်း မိသားစု နေအိမ်ပုံ
MNN
No comments:
England - Premier League
Italy - Serie A
Spain - Primera Division
Germany - Bundesliga
France - Ligue 1