Sunday, June 24, 2012

 အမေရိကန်သို့ အခြေစိုက် ၀င်ရောက်သူများတွင် အာရှနိုင်ငံသားများ ထိပ်ဆုံးမှ ဦးဆောင်

Ever November | 6/24/2012 08:31:00 PM | Best Blogger Tips

အမေရိကန်သို့ နှစ်စဉ်အခြေချဝင်ရောက်နေထိုင်သူများထဲတွင်အာရှသားများကလက်တင်သားများကို
 ကျော်လွန်ပြီး အကြီးဆုံးအုပ်စုအဖြစ် ရပ်တည်ခဲ့ကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြခဲ့သည်။
အမေရိကန်နိုင်ငံတွင် အာရှ-အမေရိကန်များသည် လူမျိုးရေးအရ ကြီးထွားမှု  မြန်ဆန်လာမှုသာမက ၀င်ငွေမြင့်မားမှုနှင့် ပညာရေးကောင်းမွန်စွာ တတ်ကျွမ်းသူများလည်း ဖြစ်ကြောင်း Pwe သုတေသနစင်တာမှ လေ့လာသည့် The Rise of Asia American  အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
အဆိုပါ လေ့လာမှုသည် တရုတ်-အမေရိကန်ဖွား ၇၂၈ ဦး အပါအ၀င် အာရှ-အမေရိကန်ဖွား ၃၅၁၁ ဦးတို့ကို မေးမြန်းထားမှုများကို အခြေခံထားခြင်းဖြစ်သည်။ အဆိုပါလေ့လာမှုသည် အလက်စကား၊ ဟာဝိုင်အီနှင့် ကိုလံဘီယာတို့အပါ အ၀င်ပြည်နယ် ၅၀ တွင် နေထိုင်သည့် အာရှ-အမေရိကန်ဖွားများကို ဇန်န၀ါရီ ၃ ရက်မှ မတ်လ ၂၇ ရက်နေ့ထိ မေးမြန်းထားမှုများ ဖြစ်သည်။
''အာရှသားတွေဟာ ရင်းနှီးငွေနဲ့ အတွေးခေါ်သစ်တွေကို ယူဆောင်လာနိုင်တဲ့အတွက်ကြောင့် သူတို့တွေ ရွှေ့ပြောင်းအခြေချမှု များလာတာဟာ အမေရိကန်နိုင်ငံအတွက် အခွင့်ရေးကောင်းတစ်ခုပါပဲ''ဟု အမေရိကန်-တရုတ်ပြည်သူမိတ်ဆွေအသင်း၏ ဟိုနိုလူလူအဖွဲ့ဥက္ကဋ္ဌဟောင်း Vernon W.C. Ching က China Daily သို့ ပြောကြားခဲ့သည်။

''ဥပမာအားဖြင့် တရုတ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်တာ အရမ်းကို မြန်ပါတယ်။ တရုတ်-အမေရိကန်ဖွားတွေဟာ အမေရိကန်ရဲ့ စီးပွားရေးမှာ သွယ်ဝိုက် ကူညီနိုင်ပါတယ်။ နိုင်ငံရေးနဲ့ စီးပွားရေး ပါဝင်ပတ်သက်မှုမှာ တိုးတက်မှုတစ်ခုပါပဲ''ဟု ၎င်းက ပြောကြားခဲ့သည်။
နှစ် ၁၅၀ ကျော်တွင် တရုတ်နိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများသည် အမေရိကန်သို့ ၀င်ရောက်မှုမှာ ထူးထူးခြားခြား များပြားလာပြီး သတ္တုတွင်းလုပ်သား၊ လယ်သမားနှင့် မီးရထားလမ်း ဆောက်လုပ်သူများ စသည့် ကျွမ်းကျင်မှုနည်းပါးသည့်သူများလည်း ၀င်ရောက်လာကြောင်း ၎င်းက ဆိုသည်။
''အဲဒီခေတ်က မျိုးဆက်တွေဟာ ၁၈၈၂ Chinese Exclusion အက်ဥပဒေအပါအ၀င် အရေးယူ တွေခံခဲ့ရပေမယ့် နှစ် ၁၀၀ နောက် ပိုင်းမှာတော့တရုတ်တွေဟာ လူနည်း စုမဟုတ်တော့ပါဘူး။ ပညာတတ် တွေဖြစ်ပြီး အလုပ်အကိုင်ကောင်း တွေမှာ လုပ်ကိုင်ရသူတွေဖြစ်နေပါ ပြီ''ဟု Ching က ဆိုသည်။
တရုတ်-အမေရိကန်ဖွားများသည် စီးပွားရေး လှုပ်ရှားမှုတွင်သာမက နိုင်ငံရေးတွင်လည်း အရေးပါကြောင်းနှင့် တရုတ်မူဝါဒများကို ပိုမိုနားလည်သူများဖြစ်ကြောင်း Ching က ပြောကြားခဲ့သည်။
Ref:China Daily
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1