Sunday, June 24, 2012

ဇူလိုင်လ(၁)ရက်နေ့တွင် CDMA မိုဘိုင်းဖုန်းများအတွက် ကြိုတင်ငွေပေးချေစနစ်စတင်

Ever November | 6/24/2012 08:52:00 AM | Best Blogger Tips

ဖုန်းဘေလ်စနစ်ဖြင့်ပေးဆောင်နေရသော CDMA  မိုဘိုင်းဖုန်းများအား ဇူလိုင်လ(၁)ရက်နေ့မှ စတင်ကာ ကြိုတင်ငွေပေးချေ (Prepaid) စနစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။
 
ထို့အတူ ယခင် CDMA ဖုန်းဘေလ်များပေးဆောင်နေရသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေလက်ခံ ကောင်တာရုံးများကိုလည်း ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 
CDMA မိုဘိုင်းဖုန်းများအနေဖြင့် (Postpaid) စနစ်ဆက်လက်သုံးစွဲလိုပါက ဖုန်းခေါ်ဆိုခများအား ဘဏ်များမှ တစ်ဆင့်   ပေးချေရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ကြိုတင်ငွေပေးချေစနစ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်၊ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ယူနိုက်တက်အမရာဘဏ်သို့ ပေးဆောင်ရမည်ဖြစ်သည်။
 
လက်ရှိအသုံးပြုနေတဲ့ CDMA-450 (09-85,09-86) စသည့် ဖုန်းများကိုသာ ကြိုတင်ငွေပေးချေစနစ်သို့ ပြောင်းလဲအသုံးပြု မည်ဖြစ်ကာ   ပြောင်းလဲရန်ရှိသည့် (Post Paid-CDMA) ဖုန်းအလုံးရေ (၁၆၀၀၀၀)လုံး ရှိကြောင်းကိုလည်း  မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရသည်။
 
“ဇူလိုင်လ(၁)ရက်နေ့က စပြီး CDMA  မိုဘိုင်းဖုန်း အားလုံးကို ကြိုတင် ငွေပေးချေစနစ်ကို ပြောင်းလဲသွားမှာပါ။ Postpaid  စနစ် ဆက်လက် သုံးစွဲလိုရင် ဖုန်းခေါ်ဆိုခတွေကို ဘဏ်များကတစ်ဆင့် ပေးချေရမှာပါ၊ ရန်ကုန်နဲ့ မန္တလေးမြို့မှာရှိတဲ့ မိုဘိုင်းဖုန်းတွေ အားလုံးက ဖုန်းခေါ်ဆိုခ ကျသင့်ငွေတွေကို သက်ဆိုင်ရာ ဘဏ်တွေကနေ တစ်ဆင့် ပေးသွင်းရမှာ ဖြစ်တယ်။” ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
   
နယ်မြို့များတွင် အသုံးပြုနေသည့် CDMA ဖုန်းများကိုလည်း (Pre Paid) စနစ်သို့ ပြောင်းလဲမည်ဖြစ်သော်လည်း   ငွေလက်ခံဌာနများအား  ဆက်လက်ထားရှိသွားမည် ဖြစ်သည်။
 
“ကျွန်တော်တို့က နယ်မှာဆိုတော့ ခုလို ငွေလက်ခံဌာနတွေကို ဆက်ထားပေးသွားတာ ကောင်းပါတယ်။ ဇူလိုင် လ (၁) ရက်နေ့မှ pre paid စနစ်ကို ပြောင်းနိုင်မှာဆိုတော့ နှစ်ခုလုံး အသုံးပြုလိုသူတွေအနေနဲ့သုံးလို့ လွယ် တာပေါ့ ” ဟု ဒိုက်ဦးမြို့နယ်မှ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ ဇော်ထွန်းက ပြောသည်။
 
ကြိုတင်ငွေပေးချေစနစ် ပြောင်းမည်ဆိုပါက ကြိုတင်ထည့်သွင်းထားသည့် ကျပ်ငွေနှင့် FEC လက်ကျန်ငွေ များကို သက်ဆိုင်ရာ ဘဏ်များသို့ လွှဲပြောင်းပေးခြင်း၊ ပြန်လည်ထုတ်ပေးခြင်းများကို ဘဏ်များက ဆောင်ရွက် ပေးသွားမည် ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1