Sunday, June 24, 2012

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟုဆိုသော ဆီများမှာ ဆီလုံးဝ မဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ်တွေ့ရှိ၊ အဆိုပါစားသုံးဆီ မဟုတ်သည့် အရာများကို မှောင်ခိုတင်သွင်းသူများအား အရေးယူရန် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ အသိပေးထား

Ever November | 6/24/2012 08:07:00 PM | Best Blogger Tips

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီများဟု ဆိုသော ဆီများမှာ စားသုံးဆီမဟုတ်ကြောင်း ဓာတ်ခွဲစမ်းသပ် တွေ့ရှိရသည်ဟု သတင်းရရှိသည်။
အဆိုပါ စားသုံးဆီမဟုတ်သည့် အရာများ တင်သွင်းရောင်းချသူများကို အရေးယူရန်နှင့် ဈေးကွက် အတွင်းစားသုံးဆီ မဟုတ်သည့်အရာများအား စစ်ဆေး အရေးယူနိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့များ သို့ အသိပေးထားကြောင်း သိရှိရသည်။
ဇွန်လ ဒုတိယပတ်အတွင်းက နေပြည်တော်တွင် ပြည်ပမှ တရားမ၀င် မှောင်ခိုတင်သွင်းမှုများ လျှော့ချ သည့် ကိစ္စရပ်အပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၉ ခုမှ အစိုးရအဖွဲ့တာဝန် ရှိသူများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟု ဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင် တူသော်လည်း စားသုံးဆီ မဟုတ်ကြောင်း တွေ့ရှိရသည်ဟု
အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တရားမ၀င် တင်သွင်းလာသည့် စားသုံးဆီဟု ဆိုသော ဆီများမှာ ဓာတ်ခွဲစမ်းသပ်ရာတွင် စားသုံးဆီဖြင့် ခပ်ဆင်ဆင် တူသော်လည်း စားသုံးဆီ မဟုတ်ကြောင်း တွေ့ရှိရသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း၊ အဆို ပါဆီများကို တရားမ၀င်တင်သွင်း ဖြန့်ဖြူးသူဟု ယူဆရသူနှင့်ဆက်စပ်နိုင်ဖွယ်ရှိသူ အမည်အချို့ကိုပါ ခန့်မှန်းဖော်ထုတ်ထားပြီး စစ်ဆေးအ ရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တာ ၀န်ရှိသူများသို့ အသိပေးဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
“ဆွေးနွေးပွဲက မှောင်ခိုတင်သွင်းတဲ့ကိစ္စ လျော့ကျဖို့ အတွက်ပါ။ အဲဒီပွဲမှာ တရုတ်နယ်စပ်က တရား မ၀င်သွင်းလာတဲ့ စားသုံးဆီဆိုတဲ့ဟာ တွေကို ဓာတ်ခွဲစမ်းသပ်လိုက်တာ ဆီ နဲ့သာတူတာ စားသုံးဆီ မဟုတ်ကြောင်း တွေ့ရတယ် ဆိုတာကိုပါ ထုတ်ဖော် ပြောကြားတော့ လန့်တောင် လန့် သွားတယ်။ ဈေးကွက်ထဲမှာတွေ့လို့ FDA ကိုပို့ပြီး စစ်တာလို့ ပြောတယ်။ အဲဒီကိစ္စကို တရားမ၀င် တင်သွင်းတယ်လို့ ယူဆရတဲ့သူ၊ သူနဲ့ပတ်သက် ဆက်စပ်နိုင်တဲ့ သူတွေရဲ့နာမည်အ ချို့နဲ့ လမ်းကြောင်းအချို့ကိုပါ ထုတ်ပြောသွားတယ်။ အတိအကျမဟုတ် ပေမယ့် အဲဒီလမ်းကြောင်းအတိုင်းဆို ဘယ်သူဖြစ်နိုင်တယ်။ ဘယ်ဈေး ကွက်ထဲရောက်နိုင်တယ်ဆိုတာကို အနီးစပ်ဆုံး ခန့်မှန်းပြောကြားတဲ့ သဘောပါ။ အဲဒီလမ်းကြောင်းအတိုင်း လိုက်ပြီး မန္တလေးနဲ့ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့လည်း စစ် ဆေးလို့ရအောင် အသိပေးဆွေးနွေးတာ တွေ့ရတယ်။ ဒီဆီတွေကို စစ် ဆေးတွေ့ရှိဖို့ကတော့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ ဥပမာ-ဈေးကွက် ထဲက စားသုံးဆီက တစ်ပိဿာ ကျပ် ၂၀၀၀ ဆိုရင် အဲဒီဆီအတုက တစ်ပိ ဿာကိုကျပ် ၃၀၀၊ ၄၀၀ လောက် ပဲရှိတယ်။ ဒီတော့သူ့ချည်းပဲ သွင်းတဲ့သူက မရောင်းဘူး။ ဈေးကွက် ထဲက စားသုံးဆီတွေနဲ့ရောရောင်း တာမျိုးဖြစ်နိုင်တော့ တော်တော်ဆိုးပါတယ်။ မှောင်ခိုတင်သွင်းနေတဲ့ အခြားကုန်စည်တွေ၊ လမ်းကြောင်းတွေကို ကုန်သွယ်မှုနဲ့ သက်ဆိုင်တဲ့ ဌာနတာဝန်ရှိသူတွေက ထိုင်း၊ တရုတ် စသဖြင့် နယ်စပ်တွေကနေ တရားမ၀င် ကုန်သွယ်တဲ့ကိစ္စတွေကို စုံစမ်းထားတဲ့အကြောင်းလည်း ပြောကြား ခဲ့တယ်။ မြ၀တီ၊ ဘိတ်နဲ့ ကော့သောင်း၊ မူဆယ်အဖွဲ့သုံးဖွဲ့ ခွဲဆင်းကြတယ်။ ဆင်းတဲ့အခါမှာ Low Profile နဲ့ ညွှန်ကြားရေးမှူးတွေက အစ သာမန်အရပ်သားအနေနဲ့ ဆင်းတယ်။ တရားမ၀င် ကုန်သွယ်မှုတွေ ကို ဓာတ်ပုံမှတ်တမ်း၊ ဗီဒီယိုမှတ်တမ်းတွေပါ အခြားမှောင်ခိုကုန်စည်တွေ အတွက်ယူထားတယ်။ အခု အဲ ဒီမှတ်တမ်းတွေနဲ့ စုံစမ်းထောက်လှမ်းထားတဲ့သက်သေတွေကို ပြည်နယ် နဲ့တိုင်းဒေသကြီး ၉ ခုက အစိုးရအ ဖွဲ့တွေကိုခေါ်ယူပြီး ချပြလိုက်တယ်။ ဒါကိုထိမ်းသိန်းဖို့အတွက် ပြည်နယ် နဲ့တိုင်းဒေသကြီး အစိုးရအဖွဲ့တွေအ  နေနဲ့ပါ ဆောင်ရွက်ရင် ပိုကောင်းမယ့် သဘောဆွေးနွေးတာ တွေ့ရတယ်။ စားသုံးဆီအပြင် အခြားစားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီမှောင်ခို တင်သွင်းတာတွေကိုလည်း ပြောကြားခဲ့တယ်”ဟု အဆိုပါဆွေးနွေးပွဲ သို့ တက်ရောက်ခဲ့သူတစ်ဦးက ပြော ကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စားသုံးသူ ကာကွယ်ရေးဥပဒေ၊ စားသုံးသူ ကာကွယ်ပေးရေး အသင်းအဖွဲ့များမရှိ သေးသော်လည်း အခြားကိစ္စရပ်များအား အရေးယူနေသည့်နည်းတူ ရှိနှင့်ပြီး ဥပဒေများဖြစ်သည့် စည်ပင် ဥပဒေ၊ သွင်းကုန်ဥပဒေများအရ ထိရောက်စွာ အရေးယူသင့်ကြောင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေအရလည်း ပြင်းထန်စွာ အရေးယူသင့်ကြောင်း စားသုံး သူများက ပြောကြားခဲ့သည်။
ယခင်ကလည်း စားသောက်ကုန်တွင် မသုံးသင့်သည့် ဓာတုဆိုး ဆေးများသုံးစွဲမှု၊ အရည်အသွေးနိမ့်၊ ရက်လွန် စားသောက်ကုန်များရောင်းချမှုတို့ကို အကြိမ်ကြိမ်စစ်ဆေးတွေ့ ရှိသော်လည်း ထိရောက်စွာအရေး ယူမှုမရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆိုးရွားသည့် ကိစ္စရပ်များ ထပ်ခါ ထပ်ခါ ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ဖော်ထုတ်အရေးယူရန် လိုပြီဖြစ်ကြောင်းကိုလည်း စားသုံးသူများက ထပ်မံသုံးသပ်ခဲ့ကြသည်။
စားအုန်းဆီ ပြည်ပမှ ၅ နှစ်အတွင်း တရားဝင် တင်သွင်းမှုပမာဏ (အမေရိကန်ဒေါ်လာ၊သန်း)
ဘဏ္ဍာနှစ်      စားအုန်းဆီ
၂၀၀၆-၂၀၀၇    ၇၄ .၄၁၀
၂၀၀၇-၂၀၀၈    ၂၀၂ .၄၄၀
၂၀၀၈-၂၀၀၉    ၂၉၁ .၇၅၀
၂၀၀၉-၂၀၁၀    ၁၇၈ .၂၉၀
၂၀၁၀-၂၀၁၁    ၁၉၈ .၇၆၂
EMG

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1