Sunday, June 24, 2012

မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွား

Ever November | 6/24/2012 08:15:00 AM | Best Blogger Tips
ယခုနောက်ပိုင်း နှစ်များတွင် မြန်မာအသင်းမှာ နိုင်ငံတကာပြိုင်ပွဲများတွင် ရလာဒ်မကောင်းသော်လည်း 
အိမ်ကွင်းပွဲစဉ်တွင် မြန်မာ ယူ-၂၂ ကို တခဲနက်အားပေးနေသော မြန်မာဘောလုံးပရိသတ်များ

မြန်မာ-ဖိလစ်ပိုင်ပွဲတွင် ဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိဘဲ မြန်မာ၅ဂိုး-ဖိလစ်ပိုင်၁ ဂိုးဖြင့် ပွဲပြီးဆုံးသွားသည်။ အုပ်စုအဖွင့်ပွဲနေ့သုံးပွဲကစားရာတွင် မြန်မာအသင်းမှာ ခြောက်သင်းပါအုပ်စုတွင် အားအနည်းဆုံးအသင်းဖြစ်သော ဖိလစ်ပိုင်ကို ဂိုးပြတ်သွင်းယူနိုင်မှုကြောင့် ဂိုးကွာခြားချက်ဖြင့် အုပ်စုဗိုလ်ဖြစ်နေသည်။

 တောင်ကိုရီးယားမှာ မလေးရှားကို ၃ဂိုး-၂ဂိုး၊ တရုတ်(တိုင်ပေ)မှာ ဗီယက်နမ်ကို ၂ဂိုး-၁ဂိုးဖြင့် အနိုင်ရထားကြ၍ တောင်ကိုရီးယားက ဒုတိယ၊တရုတ်(တိုင်ပေ)က အုပ်စုတတိယနေရာ၌ ရမှတ် ၃မှတ်စီဖြင့် ရှိနေသည်။

အုပ်စုတွင် တောင်ကိုရီးယား ယူ-၂၂ မှာ အုပ်စုဗိုလ်ဖြစ်ရန် ရေပန်းစားနေပြီး၊ မြန်မာအသင်းမှာ ဗီယက်နမ်၊ မလေးရှား၊တရုတ်(တိုင်ပေ)တို့နှင့်အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ်ရှိသည်ဟု ပြည်တွင်းဘောလုံးရေးရာ
ကျွမ်းကျင်သူများကခန့်မှန်းထားသည်။ ခြောက်သင်းပါအုပ်စုမှာ နှစ်သင်းသာ နောက်တစ်ဆင့်တက်ခွင့်
ရမည်ဖြစ်သည်။
7Day News Journal

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1