Saturday, June 16, 2012

ရုပ်သံ စပွန်ဆာမှ အပိုဝင်ငွေ ပေါင် ၁ ဘီလီယံ ရရှိမည့် ပရီးမီးယားလိဂ်

Ever November | 6/16/2012 03:23:00 PM | Best Blogger Tips
ပရီးမီးယားလိဂ်ဟာ ရုပ်သံ စပွန်ဆာမှ အပိုဝင်ငွေ ပေါင် ၁ ဘီလီယံ ရရှိခဲ့ခြင်းကြောင့် ကမ္ဘာပေါ်မှာ ရုပ်သံဝင်ငွေ အများဆုံးနဲ့ အကျော်ကြားဆုံး လိဂ်အဖြစ်ရပ်တည်နိုင်ခဲ့ကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံ ထုတ်လွှင့်မှုကို စကိုင်း ရုပ်သံကို ရောင်းချခဲ့ကြောင်း ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုးက ပြောဆိုခဲ့ပါတယ်။

စကိုင်း ရုပ်သံဟာ ၂၀၁၃-၁၄ မှ ၂၀၁၅-၁၆ ရာသီအထိ ပရီးမီးယားလိဂ် ပွဲစဉ် ထုတ်လွှင့်ခွင့်ကို ၀ယ်ယူခဲ့တာ ဖြစ်ပြီး ၁ နှစ်မှာ ပွဲပေါင်း ၁၁၆ ပွဲ ထုတ်လွှင့်နိုင်မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ESPN နဲ့ Sky ရုပ်သံတို့ကနေ ဘောလုံးပွဲစဉ်တွေကို ထုတ်လွှင့်သွားမှာ ဖြစ်ပြီး ရုပ်သံ ထုတ်လွှင့်မှု တိုးမြှင့်လာတာကြောင့် ၀င်ငွေပေါင် ၁.၂၄ ဘီလီယံ တိုးတက်လာမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ရုပ်သံကြည့် ပရိသတ် တိုးတက်လာခြင်းဟာ ပြီးခဲ့တဲ့ ရာသီကလို နောက်ဆုံးအချိန် အထိ ဇာတ်ရှိန် အမြင့်ဆုံး ရောက်ရှိခဲ့တဲ့ အထိ စွဲဆောင်မှု ရှိခဲ့တာကြောင့် ဖြစ်ကြောင်း စကူဒါမိုးက ပြောဆိုခဲ့ပါတယ်။

စကူဒါမိုးက ပြီးခဲ့တဲ့ ရာသီမှာ နောက်ဆုံးပွဲ အထိ မန်ချက်စတာမြို့ခံ နှစ်သင်းရဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာက ရုပ်သံ ထုတ်လွှင့်ခွင့် ပိုရဖို့ အတွက် အဓိက အချက်ဖြစ်ကြောင်း ၊ မိမိတို့ဟာ မှန်ကန်တဲ့ အချိန်မှာ ရုပ်သံ ထုတ်လွှင့်မှုတွေ တိုးမြှင့်နိုင်မှာ ဖြစ်ကြောင်း ၊ ရုပ်သံ ထုတ်လွှင့်ခွင့် ရောင်းချခြင်းဟာ ယှဉ်ပြိုင်မှု ပြင်းထန်လာတဲ့ ဖြစ်စဉ် တစ်ခု ဖြစ်ကြောင်း ထပ်မံ ပြောဆိုခဲ့ပါတယ်။  ကမ္ဘာလုံးဆိုင်ရာ   အားကစား ရုပ်သံလွှင့်ခွင့် ပြုလုပ်ပေးနေတဲ့ MP နှဲ့ Silva  ကုမ္ပဏီ အမှုဆောင်ချုပ် ရက်ရစ်ဇာနီက ပရီးမီးယားလိဂ်ရဲ့ ရုပ်သံ ထုတ်လွှင့်ခွင့် စာချုပ်သစ် ၀င်ငွေ တိုးတက်မှုက အံ့သြသင့်စရာ ကောင်းကြောင်း ၊ ဒါဟာ အားကစား ပြိုင်ပွဲတွေ အနက် အကျော်ကြားဆုံး လိဂ်တစ်ခု ဖြစ်လာကြောင်း ထုတ်ဖော် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
MRTV4

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1