Sunday, June 24, 2012

အရည်အသွေးမြင့်မားလိုသူ အင်္ဂလိပ်စာ ဆရာ၊ဆရာမ များအတွက် ပညာရေးနှီးနှောဖလှယ်ပွဲ

Ever November | 6/24/2012 09:25:00 AM | Best Blogger Tips

ဗြိတိသျှကောင်စီ(British Council)နှင့် ELTeCS (English Language Teaching Contacts Scheme)တို့က ကြီးမှူးကျင်းပ မည်ဖြစ်သောအင်္ဂလိပ်စာဆရာဆရာမများအတွက် နှစ်စဉ်ကျင်းပ
လာသည့် (၁၃)ကြိမ်မြောက် နှီးနှောဖလှယ်ပွဲတွင် တက်ရောက်ဆွေးနွေးလိုသူများအနေဖြင့် BCတွင် စာရင်းပေးနိုင်ကြောင်းသိရှိရသည်။
(၁၃)ကြိမ်မြောက် နှီးနှောဖလှယ်ပွဲကို လာမည့် သြဂုတ်လ (၁၁)ရက်နေ့နှင့် (၁၂) ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင်  ကျင်းပမည်ဖြစ်ပြီး ပွဲသို့တက်ရောက်ရန်  လူဦးရေ(၃၀၀)သာ ကန့်သတ်ထားကြောင်း သိရှိရသည်။
စိတ်ပါဝင်စားလိုသူများအနေဖြင့်ဇူလိုင်လ(၁၆)၊(၁၇)၊(၁၈)နှင့်(၂၀)ရက်နေ့များတွင် ဗြိတိသျှကောင်စီရုံးတည် ရှိရာအမှတ်(၇၈)ကမ်းနားလမ်း၊ရန်ကုန်မြို့သို့ဦးရာလူစနစ်ဖြင့် ငွေကျပ်ငါးသောင်းနှင့်တကွစာရင်းပေးသွင်းနိုင်
 ကြောင်း သိရှိရသည်။ အဆိုပါ လျှောက်လွှာများကို  BC၌ ဇွန်လ (၂၂) ရက်မှစ၍ ကြိုတင်ရယူထားနိုင်ကြောင်းကိုလည်း  သိရှိရသည်။
“ဒီဆွေးနွေးပွဲကို နှစ်စဉ်ကျင်းပလာခဲ့တာပါ။ workshop ပြီးတဲ့အခါမှာ British Council ကနေ ဆရာဆရာမ တွေကို အသိ အမှတ်ပြုလက်မှတ်တစ်ခု ပေးပါတယ်။ ဒါကြောင့်လည်း အင်္ဂလိပ်စာသင်တဲ့ ဆရာဆရာမတွေက ဒီပွဲကို တော်တော်လေး အလေးထားကြပါတယ်။” ဟု BCတာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးမျိုးကိုကိုဦးကဆိုသည်။
ကျင်းပမည့် နှီးနှောဖလှယ်ပွဲတွင် “အပြောင်းအလဲသဘောကို လက်ခံကျင့်သုံးခြင်း  အခက်အခဲကိုအခွင့် အလမ်းအဖြစ် သို့ပြောင်းလဲယူခြင်း”  ဟူသော ခေါင်းစဉ်ဖြင့် အင်္ဂလိပ်စာဆရာ/ဆရာမများ၏ စိတ်ကူး စိတ်သန်းများကို မျှဝေခြင်း၊ စိုးရိမ်ပူပန် မှုများကို ဆွေးနွေးခြင်း၊ အင်တိုက်အားတိုက်သင်ကြားမှုအတွကအားသစ်လောင်းခြင်း စသည့်အကြောင်းအရာများကို အခြေခံ ၍ဆွေးနွေးမည်ဖြစ်ကြောင်းကိုလည်းသိရှိရပါသည်။
“အခုခေတ်မှာ လူငယ်အားလုံး အင်္ဂလိပ်ဘာသာစကားကို တကယ်တတ်အောင် သင်ယူမှ ရတော့မယ်။ လူငယ်တွေ အင်္ဂလိပ် စကားတတ်ဖို့ အင်္ဂလိပ်စာဆရာဆရာမတွေရဲ့ သင်ကြားမှုစနစ်ကလည်း ပိုမို စနစ်ကျ ထိရောက် ဖို့လိုလာတာပေါ့” ဟု ၀ါရင့် အင်္ဂလိပ်စာဆရာမကြီးတစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
နှစ်ရက်တာ ကျင်းပမည်ဖြစ်သော အဆိုပါ အခမ်းအနားတွင် အလုပ်ရုံဆွေးနွေးပွဲ (၄၈)ခု ပါဝင်မည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သင်ကြားရေးနယ်ပယ်မှ လက်တွေ့သင်ကြားနေသော ဆရာဆရာမများ၊ ဆရာဖြစ်သင်ကျောင်း များမှ သင်တန်းပို့ချသူများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ သာမက နိုင်ငံတကာရှိ ဗြိတိသျှ ကောင်စီ သင်ကြားရေးဌာန အသီးသီးမှ ပညာရှင်များက ဦးဆောင်ဆွေးနွေးကြမည် ဖြစ်သည်။
ဗြိတိသျှကောင်စီ(BC)သည် မြန်မာလူငယ်များအား ပညာရေး၊ အင်္ဂလိပ်ဘာသာသင်ကြားရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့်အခွင့်အလမ်းများကို ဖန်တီးပေးနေပြီး ဗြိတိန်နိုင်ငံတွင် ပညာ သင်ကြားနိုင်ရေး၊ ဗြိတိန် နိုင်ငံမှ စာမေးပွဲများအား ကြီးမှူးကျင်းပပေးခြင်းနှင့် စာကြည့်တိုက် ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
စည်သူနိုင်(မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1