Saturday, June 16, 2012

နှစ်သိန်း ဖုန်းများ Ring Tune ထည့်သွင်းနိုင်တော့မည်

Ever November | 6/16/2012 02:39:00 PM | Best Blogger Tips
ကျပ်နှစ်သိန်းတန် GSM ဖုန်းကဒ်နှင့် CDMA 800MHz ဖုန်းလိုင်းကဒ်များတွင် ဖုန်းတွင်းဂီတသံစဉ် RingTune ထည့်သွင်း အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Fortune International က သိရှိရသည်။
 
“ဇူလိုင်လအတွင်းမှာ စတင်ပြီး RingTune ထည့်သွင်းခြင်း ဝန်ဆောင်မှုကို တန်ဖိုးနည်း GSM ဖုန်းတွေမှာအသုံး ပြုနိုင်အောင် စီစဉ်ပေးသွားမှာပါ” ဟု Fortune International တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
ယခင်က မြန်မာ့ဆက်သွယ်ရေးမှချထားပေးသော ကျပ်(၁၅)သိန်းတန် GSM ဖုန်းကဒ်များနှင့် (၅)သိန်းတန် GSM ဖုန်းများတွင်သာ RingTune ထည့်သွင်းအသုံးပြုနိုင်ခဲ့သည်။
 
ဇူလိုင်လမှ စတင်ကာ CDMA 800 MHz ဖုန်းများနှင့် တန်ဖိုးနည်း GSM ဖုန်းများကို ထည့်သွင်းအသုံးပြုနိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ Fortune International အနေဖြင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလက စတင်ကာ လက်ကိုင် ဖုန်းများတွင် RingTune ထည့်သွင်းခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ဆောင်ပေးခဲ့သည့် ကုမ္ပဏီဖြစ်သည်။
 
လက်ရှိတွင် RingTune သုံးစွဲသူဦးရေ ၁ သိန်း ၀န်းကျင်ရှိကြောင်းကိုလည်း အဆိုပါကုမ္ပဏီက သိရှိရသည်။
 
“အခုနောက်ပိုင်း လူငယ်တွေ တင်သာမဟုတ်ပဲ။ လူကြီးပိုင်းတွေပါ RingTune ထည့်သွင်းလာကြတယ်။ ကိုယ်လိုချင်တဲ့ သီချင်းကို ထည့်ထားတော့ ဖုန်းခေါ်ရင် အဲဒီအသံကို တစ်ဖက်က ကြားနေရတော့ လူငယ် အများစုအသုံးပြုကြတယ်။” ဟု RingTune ထည့်သွင်း အသုံးပြုသူ ကိုဖိုးလုံးက ပြောသည်။
 
ဖုန်းတွင်း RingTune ထည့်သွင်းပေးသည့် ၀န်ဆောင်မှုကို စတင်ထည့်သွင်းမည်ဆိုပါက (၂၀၀၀)ကျပ်၊ သီချင်း တစ်ပုဒ်လျှင်(၃၀၀) ကျပ် ဖြင့် ထည့်သွင်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
ထို့အပြင် သီချင်းအသစ် လဲလှယ်မည်ဆိုပါက ကျပ် (၃၀၀)ထပ်မံပေးရမည်ဖြစ်ကြောင်းနှင့် ၀န်ဆောင်ခနှုန်းထား အဖြစ် တစ်လလျှင် (၂၀၀၀)ကျပ် ပုံမှန်ပေးရမည်ဖြစ်သည်။
ဥာဏ်ဥာဏ် (မြစ်မခ)

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1