Thursday, July 26, 2012

26.7.2012 မှ 1.8.2012 အထိ(၇) ရက်သားသမီးဟောစာတမ်း

Ever November | 7/26/2012 01:28:00 PM | Best Blogger Tips
တနင်္ဂနွေ

          စိတ်ပြောင်းလဲမှု့တွေရှိမည်။ စိတ်သစ်၊လူသစ်အင်အားသစ်တို့စတင်မွေးမြူ ခြင်းများဖြစ်မည်။အားလုံးကိုမေ့ပစ်ဖို့ ကြိုးစားချင်စိတ်နှင့် ခွင့်လွှတ်ချင်စိတ်တွေရှိနေမည်။တချို့ကိစ္စတွေဥပက္ခာပြု ဖြစ်မည်။ ဆန္ဒတွေလည်းပြောင်းပစ်တတ်သည်။    ငွေဝင်မည်။  ငွေစုလို့မရ ဖြစ်မည်။ အချစ်ရေးအဆင်မပြေရာမှ ပြန်၍ အဆင်ပြေလာမည်။ အလုပ်ပြောင်းရွှေ့မှု ဖြစ်မည်။ စက်ပစ္စည်းပြောင်းလဲဖြစ်မည်။ အလုပ်မှာအတိုက်အခံကြုံမည်။

အကျိုးပေးဂဏန်း       - ၀၊ ၁၊ ၂။
အထူးဟော-အားလုံးပြောင်းလဲမှုဖြစ်မည်။
ယတြာ- ငါးတွေကိုတနင်္ဂနွေ နေ့မှာအစာကျွေးပါ။

တနင်္လာ

          သံယောဇဉ်တွေများနေမည်။ အချစ်ရေးတွေများနေမည်။ ချစ်သူသစ်တွေ့မည်။ အသစ်အသစ် တွေများနေမည်။ လုပ်ငန်းသစ်လုပ်ရမည်။ ခရီးစဉ်များနေမည်။ ခြေ ၊လက်ခိုက်မိတတ်သည်။ လက်ဆောင်တွေ၊ ဓာတ်ပုံတွေရမည်။ ကတိမလွန်ပါစေနှင့်။ စကားပြောဆင်ခြင်ရမည့်ကာလဖြစ်သည်။ အလုပ်အကိုင်အဆင်ပြေမည်။ အကြီးအကဲတို့၏ အကူအညီရမည်။ ရှယ်ယာလုပ်ငန်းများလုပ်ရမည်။ အောင်မြင်မည်။ ရစရာငွေတို့ဝင်လာမည်။

အကျိုးပေးဂဏန်း       - ၁၊ ၂၊ ၃။
အထူးဟော- အရာရာ ဆန္ဒမစောသင့်ပါ။
ယတြာ- တနင်္လာနေ့တွင် ငှက်ကလေးတွေကိုအစာကျွေး လိုက်ပါ။

အင်္ဂါ

                   ပထမ ၃ ရက်အတွင်းအခြေအနေ နှင့် ဖြစ်ရပ်များနှင့် နောက် ၄ ရက်အတွင်းဖြစ်လာမည့် အခြေအနေ   နှင့် ဖြစ်ရပ်တို့မတူခြားနားပြောင်းလဲမှု့တို့ဖြစ်လာမည်။ ပထမ ၃ရက်အတွင်း အခြေအနေမှာစိတ်ဓာတ်ကျစရာများ၊ စိတ်ရှုပ်စရာများစိတ်တိုင်းမကျစရာများ ကြုံမည်။ နောက်ကျန် ၄ ရက်မှာတော့ ကံကောင်းခြင်း၊ အဆင်ပြေခြင်း ၊စိတ်ချမ်းသာရခြင်း ၊ ငွေရခြင်း ၊ ပျော်စရာဝမ်းသာစရာ သတင်းကြားရခြင်းတို့ကြုံတွေ့မည်။ ဆန္ဒတွေအောင်မြင်မှု ရခြင်းတို့ဖြစ်လာပါမည်။ ခရီးယာယီသွားရမည်။ ထီးထိုးပါ။ ထီပေါက်ကိန်းရှိသည်။ ၆ထိပ်နှင့် ၁၊၄၊၀ ပိတ်ထိုးပါ။ အချစ်ရေးမှာခွဲခွာရတတ်သည်။ အဆင်မပြေဖြစ်လာမည်။ အိမ်ထောင်ရှိသူများအငယ်နှင့်တွေ့ပြီးခွဲခွာသွားရကိန်းမြင်သည်။ စီးပွားရေးလုပ်ဆောင်ချက် တွေအောင်မြင်မည်။

အကျိုးပေးဂဏန်း       - ၁၊ ၅၊ ၇။
အထူးဟော- ကံကောင်းသောအချိန်ရောက်ဖို့ ၃ရက်ပဲစောင့်ပေးပါ။
ယတြာ- အင်္ဂါနေ့တွင် စာကလေးတွေကိုအစာကျွေးပါ။


ဗုဒ္ဓဟူး

          စိတ်သစ်လူသစ် အင်အားသစ်တို့ဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားမှုတွေဖြစ်လာမည်။ ကြိုးစားမှုရှိသလောက် သင်၏အောင်မြင်မှုကလည်းရလာပါလိမ့်မည်။ ပွတ်ကာသီကာထိခိုက်ရှနာမှု့တို့ ဖြစ်တတ်ပါသည်။ ပညာရေးအောင်မြင်မှု့ရမည်။  စွဲလန်းသူတွေ့မည်။ အိမ်ထောင်ပြုရန် ဆန္ဒမရှိသေးလျှင် အချစ်ကိုလက်မခံသင့်ပါ။ လက်ခံလျှင်ရသွားကိန်းရှိပါသည်။ အရာရာအားနာတတ်မှုကြောင့် မှားယွင်းမှု တွေဖြစ်လာပါလိမ့်မည်။ ခရီးယာယီမြင်ပါသည်။ စက်ပစ္စည်းတို့ဝင်လာပါမည်။ အလုပ်အကိုင်ရမည်။

အကျိုးပေးဂဏန်း       - ၃၊ ၆၊ ၉။
အထူးဟော- စဉ်းစားပြီးမှ ဆုံးဖြတ်ပါ ။
ယတြာ- ဗုဒ္ဓဟူးနေ့တွင် ငါးတွေကိုအစာကျွေး ပါ။

ကြာသပတေး

          ပိုမသွားနှင့် ၊ ပိုမခင်နှင့်  ၊ ပိုမပြောနှင့်  ၊ ပိုမစားနှင့် ၊ ပိုမချစ် နှင့် ၊ အသွားမတော်တလှမ်းအစားမတော်တလုပ် ဆိုရိုးစကားကဲ့သို့ အမှားတွေနှင့် ကြုံရတတ်သည်။ သတိထားပါ။ စွန့်စားမှု ၊ လွတ်လပ်မှု့ ၊ အပြောကြမ်းမှု့တို့ကိုသတိဖြင့်လုပ်ပါ။ လက်ရှိအလုပ်ကကောင်းနေသည်။ မပြောင်းလိုက်ပါနှင့် ။ လူယုံမထားနှင့်။အချစ်ရေးကောင်းသည်။ ချစ်သူရဲ့အထင်လွဲခြင်းခံရမည်။ ထီကံပါသည်။ ထီထိုးပါ။ ထီပေါက်မည်။ ခရီးယာယီသွားရမည်။

အကျိုးပေးဂဏန်း       - ၃၊ ၆၊ ၉။
အထူးဟော- လိုအပ်တာထက်မပိုသင့်ပါ။
ယတြာ- ကြာသပတေးနေ့နံနက်တွင် ကြာသပတေးနံဘုရားကိုသပြေပန်းကပ်လှူပါ။


သောကြာ

          သံယောဇဉ်ကြီးခြင်း ၊ အစွဲလန်းကြီးခြင်းချစ်မိပြီဆိုလျှင် အသဲစွဲချစ်တတ်သောစိတ်တို့ကြောင့် စိတ်ဆင်းရဲမှုတွေ   ဖြစ်လာပါလိမ့်မည်။ ကိုယ်ချစ်တဲ့သူကိုမိဘကသဘောမတူ ၊ မိဘသဘောတူသူကိုကိုယ်ကမချစ် ဖြစ်မည်။ လုပ်ငန်းမှာ တပိုင်းတစ နှင့် ရပ်နားရတတ်သည်။ လုပ်ငန်းပြောင်းလဲမှု့ဖြစ်မည်။ နေရာပြောင်းရွှေ့မှု့ဖြစ်မည်။ အရာရာအတိုက်အခံတွေ ကြုံမည်။ ၀မ်းရောဂါ ဂရုစိုက်ပါ။အန္တရယ်မရှိပါ။ ငွေဝင်ငွေထွက်ကြမ်းမည်။ ငွေမချေးနှင့်။ ပြန်မရတတ်ပါ။

အကျိုးပေးဂဏန်း       - ၂၊ ၄၊ ၈။
အထူးဟော- ကြမ်းကျွံလျှင် နှုတ်၍ရပြီးစကားကျွံလျှင် နှုတ်မရဖြစ်မည်။ အရာရာကိုဂရုတစိုက်ပြုမူသင့်ပါသည်။
ယတြာ- သောကြာနေ့တွင် အိမ်ဘုရားကိုသစ်သီး ၉ မျိုးလှူပါ။


စနေ

          အရာရာအသစ်တွေလုပ်ရခြင်း ၊ ဆက်ဆံရခြင်း ၊ သွားလာရခြင်းတို့ဖြစ်လာမည်။ ရည်ရွယ်ချက်အသစ်တွေ   ပြောင်းလဲမှုဖြစ်လာပါမည်။  ခရီးဝေးယာယီသွားရမည်။ ငွေကုန်ကြေးကျများမည်။ သင်၏ ပညာရေး (သို့မဟုတ်) အလုပ်အကိုင်အတွက် ကူညီသူပေါ်မည်။ ပြောဆိုမှု့များအောင်မြင်မည်။ အင်တာဗျူးအောင်မည်။ ကျန်းမာရေးကောင်းမည်။  လူချစ်လူခင်များမည်။ အဝေးက စွဲလန်းသူတွေ့မည်။ညခရီးဆင်ခြင်ပါ။ စိတ်ချမ်းသာမှုစိတ်အားထက်သန်မှု တို့ဖြစ်မည်။

အကျိုးပေးဂဏန်း       - ၃၊ ၅၊ ၆။
အထူးဟော-ဆန္ဒတွေအောင်မြင်မည်။
ယတြာ- စနေနေ့တွင် စနေနံဘုရားကိုရေလှူပါ။
ဒေါက်တာထွန်းလင်း( ဘုတလင် )
မြစ်မခသတင်းမီဒီယာ 

No comments:

England - Premier League

Italy - Serie A

Spain - Primera Division

Germany - Bundesliga

France - Ligue 1