ယခု အသက်၄၀ကျော်စ ကျွန်တော်လည်း
လေပိုင်း ရောက်လာ၍လောမသိ။ စကားစမိ ပြီဆို မရပ်ချင်။
ကိုယ်ချည်းပြောချင်ချင်ဖြစ် နေသည့်အတွက် မနည်းဘရိတ်အုပ် နေရပြီ။
သူများကိုသာ စချင်ခဲ့ပေမယ့် ကိုယ့်ကို ကိုယ့်ထက် ငယ်သူတွေစလာ နောက်လာမှာကို
ကြောက်၍ ဘရိတ်မအုပ်ချင် အုပ်ချင်ဖြင့် အုပ်နေရ ကြောင်း ကိုယ့်ဝမ်းနာ
ကိုယ်သာအသိဆုံးပင်။ နောက်ထပ်ဝ မ်းအနာတစ်ခုလည်း ရှိသေးသည်။ ဤသည်က သူများ၊
သူတစ်ပါး ကို အားမနာလျှာမကျိုး ဝေဖန်လိုလာခြင်း ပင်ဖြစ်၏။ ဤသည်ကို
သတိပြုမိသည်က တော့ Facebookကျေးဇူးဟု ဆိုရမည်။
“အကျည်းတန်မှန်ကြိုက်”
ကျွန်တော့်မိတ်ဆွေကြီး
နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူ ကတော့ Facebookကို ကြည့်မှန်ဟု
ဆိုညွှန်းရေး သားခဲ့ဖူး၏။ ဟုတ်သည်။ ကျွန်တော်အတော် သဘောကျသော ညွှန်းဆိုမှုဟု
ဝန်ခံရမည် သာ။
မိုးလင်းသည်နှင့်
မှန်မကြည့်သည့်နေ ရက်သာရှိမည်။ Facebookကိုတော့ ဦးစွာ ကြည့်လိုသည့် ဆန်္ဒက
စွဲကပ်နေချေပြီ။ ကိုယ် ရေးသားသည့် စာတွေအပေါ် သူတစ်ပါး ဘယ်လို
ပြန်ရေးထားကြလေမလဲ ဆိုသည်ကို သိလိုစိတ်က ထိပ်ဆုံးမှာ။ ကိုယ့်အပေါ်
သူတစ်ပါးဘယ်လိုမြင်ကြ မလဲဟူသော စိတ်ကို ရင့်ကျက်သော စိတ်ဟု ပထမပိုင်းမှာ
ကျွန်တော်အတော် ဘ၀င်ကျ သလိုလို ရှိခဲ့သေးသည်။ ကြည့်မှန်ပေါ့။ နံနက်
မိုးလင်းတာနှင့် ကြည့်မှန်လေးကြည့်၊ ကိုယ့် အပေါ်ချီးကျူးကြတာလေးကို ကျေနပ်၊
ကြည်နူး၊ ပျော်မြူး။ ကိုယ်ရေးထားတာလေး ကို Like မလုပ်ထား၊ကြိုက်သည်မဆိုထား
လျှင် မမြင်သေးဘူးထင်ပြီး မမြင်မြင်အောင်Wall ပေါ်သွားတင်၊ ကိုယ့်အပေါ်
အမြင် မတူသလို ကလိသလို ရိသလို သဘောထား သည်ကို ဆိုလျှင် မသိကျိုးနွံပြု။
တကယ့် တကယ်ကိုယ့်အဖြစ်က မှန်ကြိုက်သည့် ဆယ်ကျော် သက်လို ဖြစ်မှန်းမသိ
ဖြစ်နေခြင်းကို တော့သတိမပြု မိပါ။
အလှပြင်ထားသည်ကို မြင်စေချင်သည်။
လှသည်ပြောလျှင်ကြည်နူး၊ ကိုယ့်ကို အသိမပြုမိသလိုလို ဂရုမပြုသလိုလို မကြည့်
သွားလျှင် ကြောသည်ဟုပင် ထင်ချင်ချင်၊ အဆိုးဆုံးက မလှဘူးပြောလျှင်
မကြိုက်ချင်။ တကယ်ဆို နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူဆိုညွှန်းသည့်
ကြည့်မှန် သဘောက Facebookပေါ်မှာ ကိုယ့်ကို ဝေဖန်တာ၊ အကြံပြုတာလေးတွေကို
မြင်ရပြီး ကိုယ့်ကိုယ်ကိုယ် ပြုပြင်နိုင်ဖို့ ရည်ညွှန်းခြင်းသာ။
သြော် ..ကျွန်တော့်ဖြစ်အင်က
ဆယ်ကျော်သက် မှန်ကြည့်သလို ဖြစ်နေခြင်းထက် ကိုယ်တစ်မျက်နှာလုံး
အလှဆုံးကိုမတွေ့ မခြင်းရှာနေသလို အကျည်းတန် မှန်ကြိုက်ဖြစ်နေသကိုး....။
ဆက်လက်ဖေါ်ပြပါမည်
ကိုမျိုး(မြန်မာစာ)
(ဆောင်းပါးရှင်) ကိုမျိုး(မြန်မာစာ)
Demowaiyan
No comments:
Post a Comment