လူငယ်များ အကြိုက်နှစ်သက်ဆုံးဖြစ်သည့် DoTA, AION ဂိမ်းများအပြင် 
မည်သူမဆို ပါဝင်ဆော့ကစားနိုင်မည့် ဂိမ်းကစားနည်းမျိုးစုံ ပါဝင်သော Gaming 
Festival ကိုဇူလိုင်လ ၂၈ ရက်နှင့် ၂၉ရက်နေ့တို့တွင် Dagon Center II ၌ 
စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ 
အဆိုပါပြိုင်ပွဲကို Solution Gateway မှစီစဉ်ပြီး Gaminity 
မှဦးစီးကျင်းပခြင်းဖြစ်သည်။
Gaming Festival ကို AION Online Game Tournament, Gaminity DoTA Game 
Tournament, Xbox Kinect Games Contest, Photo Taking with Heroes and 
Creatures, Most Facebook Likes Photo, Facebook Sharing Lucky Draw, Free 
Wifi Access အစီအစဉ်များစွာဖြင့် ကျင်းပပြုလုပ်ပေးသွားမည်ဟု သိရသည်။ “DoTA 
အတွက် ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုငွေကျပ် ၃ သိန်းပေးမယ်။ ပြီးတော့ 
အခြားလက်ဆောင်ပစ္စည်းများစွာပေးမယ့် အစီအစဉ်တွေလည်းရှိတယ်။ DoTA 
ပြိုင်ပွဲကို Clan Registration ပြုလုပ်ပြီးမှ ပါဝင်ယှဉ်ပြိုင်ခွင့်ပြုမယ်။
 Aion အတွက် ပထမဆုငွေကျပ် ၃ သိန်း၊ ဒုတိယဆုငွေကျပ် ၁ သိန်းသတ်မှတ်ထားတယ်။ 
ဒီပြိုင်ပွဲမှာလည်း အခြားလက်ဆောင်ပစ္စည်းတွေပေးမယ်။ Aion ပြိုင်ပွဲကို 
ကျွန်တော်တို့ Gaminity Online Game မှာ Register လုပ်ထားပြီးသူတွေသာ 
ပါဝင်ယှဉ်ပြိုင်နိုင်မယ်” ဟု Gaminity မှကိုကျော်သူဝင်းနိုင်က 
အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းပြသည်။ ပြိုင်ပွဲကျင်းပမည့်နေ့တွင် 
ရောက်ရှိလာသော မည်သူမဆိုဆော့ကစားနိုင်မည့် Xbox Kinect Games Contest, Game
 Characters များ၏ရုပ်ပုံများနှင့် Game Environments Decoration များကို 
ဓါတ်ပုံရိုက်ရန်ရည်ရွယ်၍ ပြုလုပ်ပေးထားမည်ဟု သိရသည်။ ထို့ပြင် Gaming 
Festival အတွက် Facebook Gaminity Page တွင် Post လုပ်ထားသည့် Adviser 
tisement Photo အား Share လုပ်သူများထဲမှတစ်ဦးအား ကံစမ်းမဲပေးအပ်မည့် 
အစီအစဉ်ပါဝင်ပါတယ်။ ပြိုင်ပွဲရက်အတွင်း မည်သူမဆို အခမဲ့သုံးစွဲနိုင်ရန်လည်း
 Dagon Center တစ်ခုလုံးအား WiFi Access ထုတ်လွှင့်ပေးထားမည်ဖြစ်ကြောင်း 
သိရသည်။ အသေးစိတ်သိလိုသူများနှင့် ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် 
http://www.gomgn.com တွင်ဝင်ရောက်ကြည့်ရှု၍ Registration ပြုလုပ်နိုင်ပြီး 
ဖုန်း-၀၉၅၀၆၈၇၈၃၊ ၀၉၅၀၇၆၇၂၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ရေးသားသူ -ကိုဟိန်း
Internet Journal 


No comments:
Post a Comment